ဖြူသော်လှ၏
ဖို့ဒ်ဝိန်းမှာလုပ်မဲ့ သက်ကြီးပူဇော်ပွဲ ဖိတ်ကြားခံစာရင်းထဲမှာ ပါသတဲ့။ မိတ်ဆွေတယောက် မေးစဉ်ကတော့ မသိသေး။ ဆရာတော်တင်ထားတဲ့ပို့စ်ထဲမှာ နှစ်ယောက်လုံးအမည် ပါတယ်။
တခေါင်းလုံးဖြူတိုင်းတော့ အသက်ကြီးလို့မဟုတ်။ ကျွန်တော်တို့က မျိုးရိုးအရပါ ဖြူကြတာ။ ဒေါ်မြမြအေးအဖေရော၊ ကျွန်တော့်အဖေပါ အသက်ရတော့ ဆံပင်ဖြူလာကြတယ်။
ရာသီအလိုက်ဖြူတာက အိမ်နားကသစ်ပင်။ ဖြူသော်လှ၏။ Smile!
ဒေါက်တာတင့်ဆွေ
၁၂-၄-၂ဝ၁၉

Comments
Post a Comment