ကြာနီတပွင့် ဖြူတပွင့်


မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနာတင့်။

ဆရာမင်းသုဝဏ်ရေးသားတဲ့ မြန်မာစာမြန်မာမှုစာအုပ်ပါ ၁၉၄၈ ခုနှစ်ကရေးခဲ့တဲ့ မိုးတွေစွေလို့စာထဲကကဗျာ ကြာနီတပွင့် ဖြူတပွင့်။

ကာတွန်း မြင့်သိန်းရေးဆွဲတဲ့ စံရွှေမြင့်စာအုပ်မှာလည်း ကြာနီတပွင့် ဖြူတပွင့်။

ဆရာမင်းသုဝဏ်ထက်တော်တဲ့ကဗျာဆရာတွေ ပေါတယ်။ ကာတွန်းမြင့်သိန်းထက်တော်တဲ့ ကာတွန်းဆရာတွေလည်း ပေါတယ်။ ဒါပေမဲ့ ပေါ်လစီသတ်ပုံနဲ့ရေးကြတာ ပနာမတင့်ကြပါ။

ဒေါက်တာတင့်ဆွေ
၁၂-၄-၂ဝ၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်