Thursday, April 18, 2019

Intramuscular Injection အသာဆေးထိုးခြင်း

ဆရာမင်္ဂလာပါ ၃လခံဆေးအကြောင်းသိချင်လို့ပါ တခါမှမထိုးဘူးပါ အခုမှ၂ကြိမ်ပဲရှီပါတယ် ပထမတကြိမ်ထိုးတုန်းက ဆရာဝန်က ဆေးထိုးပြီ မချေပေးပါဘူး ဓာတ်ပျယ်သွားမယ်ပြောပါတယ် အခုနောက်တခေါက်ထိုးတော့အရင်ဆရာနဲ့ မဟုတ်ပါဘူး ဆေးထိုးပြီချေပေးပါတယ် စိတ်ပူလို့ပါ ဆေးကချေလိုက်တော့ ဓာတ်ပျယ်သွားပြီး ကိုယ်ဝန်ရနိုင်လား သိချင်ပါတယ် ကျေးဇူးတင်ပါတယ်။

အသက် မသိ။ အသားဆေးထိုတာ ချေတာ ဖိတာကြောင့် စိုးရိမ်စရာမရှိ။

Intramuscular Injection (IM) ခေါ် အသားဆေးထိုးလို့ ဖြစ်လာနိုင်တာတွေရှိတယ်။ နာတာ၊ ထုံကျင်တာ၊ နီတာ။ ရောင်တာ၊ ပူနွေးတာ၊ အပ်ရာကနေ တခုခုစိမ့်ထွက်တာ၊ သွေးထွက်တာနဲ့ အလာဂျီလက္ခဏာတွေ။

Local massage ခေါ်ဆေးထိုးတဲ့ရောကို နှိပ်ခြင်းကြောင့် ဖြစ်လာတတ်တာတွေလည်းရှိတယ်။ DPT ခေါ် ဆုံဆို့-ကြက်ညှာ-မေးခိုင်ကာကွယ်ဆေးထိုးတဲ့ကလေး ၃၁၇ ယောက်ကို လေးလာတော့ ဆေးထိုးတဲ့နေရာမှာနာတာနဲ့ ကိုယ်ပူတာ ပိုဖြစ်တယ်။

Pain perception ခေါ် နာတာကိုခံနိုင်ရည် အတော်မတူကြပါ။ အဲတာကြောင့် ဖိချေပေးခြင်းကနေ နာတာကို သက်သာစေတယ်လို့ အကောင်းဖက်ကနေယူနိုင်တာလည်းရှိတယ်။

အသာဆေးထိုးတာတိုင်းကို ဖိချေနှိပ်နယ်ပေးရင် ကြွက်သားထဲကိုထိုးပေးလိုက်တဲ့ဆေးက subcutaneous tissue ခေါ် အရေပြားအောက်အလွှာထဲကို ရောက်စေမယ်။ အဲတာကြောင့် မချေပါနဲ့လို့လမ်းညွှန်လည်းရှိတယ်။

တက်တူးလောလောဆယ်ထိုးထာတဲ့နေရာမှာ အသားဆေး ကာကွယ်ဆေး မထိုးသင့်။

သူနာပြုအကြံပြုချက်တချို့က ဆေးထိုးပြီးနာတာသက်သာအောင် အယာအယာချေပေးပါတဲ့။ ဆေးစုပ်ယူစွမ်းပိုစေမယ်။

ကာကွယ်ဆေးမထိုးမီနဲ့ ဆေးထိုးပြီးမှာ အသာအယာပွတ်ချေပေးခြင်းကြောင့် နာမှာနဲ့ နာတာကို သက်သာစေတမယ်။

ဆေးထိုးပြီး ချေတာ နှိပ်နယ်တာက လူမျိုးအလိုက်မတူပါ။ အိန္ဒိယနဲ့ မြန်မာပြည်မှာ အကျင့်များတယ်။ အနောက်နိုင်ငံတွေမှာ နည်းတယ်။ ချေမိလို့တော့ ဆေးအာနိသင်ပျက်စေမှာတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...