Friday, April 19, 2019

Handedness အိုင်းစတိုင်း လက်

အိုင်းစတိုင်းက ဘယ်သန်လားဆရာ

ကျွန်တော်လည်း တန်းသိတာမဟုတ်။ ရှာဖတ်ရတယ်။

၁။ အိုင်းစတိုင်းကို ဘယ်သန်လို့ထင်ကြသူတွေက အတော်များတယ်တဲ့။ ဒါပေမဲ့ အဲတာမှာ သက်သေအထောက်အထား မရှိပါတဲ့။ အဲလိုထင်တာက Myth တလွဲအယူပါတဲ့။ တင်ပြသူကတော့ အိုင်စတိုင်းဟာ ညာသန်ဖြစ်ပါတယ်တဲ့။

There is a persistent popular belief that Einstein was left-handed, but there is no evidence that he was, and the belief has been called a myth. Einstein wrote with his right hand, and authoritative sources state flatly that he was right-handed.

၂။ အဲဒီယူဆချက်အတိုင်း အိုင်းစတိုင်းကညာသန်ဖြစ်တယ်လို့ ထောက်ခံရေးသာချက်လည်း ဖတ်ရတယ်။

No, Einstein was right-handed. His name appears on lists and in books that state he was left-handed, but it’s not true.

မလုံလောက်သေးဘူးလားလို့ ထပ်ရှာတယ်။

၃။ အိုင်စတိုင်းဟာ တကယ့်ကို ညာသန်ပါ။ ပရင့်စတွန်မှာ သူစာရေးနေတဲ့ပုံသာ ကြည့်ပါတဲ့။

Einstein was very likely right-handed. He wrote with his right hand (See below picture of him, writing on a blackboard, in Princeton).

Stronger Hand and Weaker Hand ဘယ်သန်-ညာသန် https://doctortintswe.blogspot.com/2016/09/stronger-hand-and-weaker-hand.html

ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀