မွေးတဲ့အရပ် အိပ်တဲ့နေရာ နေတဲ့ကျောင်း

တင်ထားတာတခုတွေ့တယ်။ သဘောပေါက်အောင် နှစ်ခါသုံးခါဖတ်ယူရတယ်။ ခပ်ပေါ့ပေါ့ရေးတာလို့တော့ ထင်တယ်။ ဖတ်ရတဲ့သူက နားမလည်။

ပန်းခူးလာတာ ပိုင်ရှင်မရှိတယ်ချိန်လေး တဲ့။

မွေးတဲ့အရပ်၊ အိပ်တဲ့နေရာ၊ နေတဲ့ကျောင်း၊ သွားမယ်တဲ့၊ စားမယ်တဲ့၊ စသဖြင့် ရေးရတယ်။ အသံထွက်ရာမှာ တဲ့သံ နဲ့ ဒဲ့သံကို အလျဉ်းသင့်သလိုထွက်ရတယ်။

တယ်
ခါတယ်
ချိုးတယ်
ချိုတယ်လူးနွား
တင့်တယ်လျောက်ပတ်
တယ်တိန်ညင်
တယ်ကြက်
တယ်လီဖုန်း
တယ်ကောင်းပါလား
ထမင်းအိုးတယ်
ပန်းပဲမောင်တင့်တယ်
တယ်တော်ပါလား

အဲလိုပဲ ဘန်းစကားတွေ ခေတ်စကားတွေမှာ အဓိပ္ပါယ်နှစ်ခွယူလို့ရတာတွေက သူများကို အတော်ဒုက္ခပေးတယ်။ အခုလိုရေးတော့ ပိုင်ရှင်က ထမင်းအိုးတယ်နေချိန်မှာလိုလို။ (ကန်တော့) ကလေးရှူတယ်နေတာလည်း ဖြစ်နိုင်သေးတာ။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ