Weed Flowers ပေါင်းပန်း

တဆောင်းတွင်းလုံး နှင်းဖုံးခံခဲ့ရတဲ့ မြက်ခင်းဟာ နွေဦးရောက်တာနဲ့ စိမ်းစိုလာတယ်။ မြက်ခင်းထဲမှာ အပွင့်ဝါဝါလေးတွေပါ ပေါက်လာကြပြန်တယ်။ တခြားပန်းတွေပါ ပွင့်ကြလို့ လိပ်ပြာလေးတွေလည်း ဝဲကြပြီ။

အစိမ်းရောင်ကမ္ဗလာပေါ်က အပွင့်ဝါဝါလေးတွေကို မြင်တာနဲ့ စာဖွဲ့ကောင်းဖွဲ့ချင်ကြမယ်။ အဲတာက ရှင်းပစ်ရမဲ့ ပေါင်းပန်း။

မြက်ခင်းသစ်ဆိုတဲ့ အမည်ဟာ သမိုင်းမှာ မကောင်းဆိုးဝါးဖြစ်ခဲ့တယ်။ ဒီမိုကရေစီအရေးမှာပါတဲ့သူတွေ အကြာင်းကို မဟုတ်ကဟုတ်ကတွေရေးပြီး စစ်အစိုးရက ထုတ်ဝေတဲ့မဂ္ဂဇင်း။ တတောတော့ ရှင်းသွားပြီ။ တောဘုရင်မျိုးဆက်က ကျန်သေးတယ်။

ပေါင်းပန်းကို မပန်လေနဲ့။ ပေါင်းခင်းကို ရှင်းကြပါလေ။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး