Bacteria in the Digestive System အစာလမ်းထဲမှာ ဗက်တီးရီးယားတွေနေထိုင်ကြတယ်
ကလေးကို ဝမ်းပိတ်ဆေးလိုမျိုး ဒါမှမဟုတ် တိုင်းရင်းဆေးလိုမျိုး တိုက်ရင် အန္တာရာယ်ရှိပါလားဆရာ။ ကလေး ဝမ်းသွားနေလို့ဆေးတိုက်တာ အူနံရံမှာ ပိုးရှိနေလို့ ဝမ်းသွားခြင်းနဲ့ အူကိုသန့်စေတယ်လို့ ဖတ်ဖူးပါတယ်ဆရာ။ အဲ့ဒါရောမှန်လားဆရာ။
တိုင်းရင်းဆေး ဗမာဆေး တရုပ်ဆေး ကုလားဆေးတွေကို မသိပါ။ ဆောရီး။ တကိုယ်ရေသန့်ရှင်းရေးကို ဘယ်လောက်ပဲ စနစ်ကျလုပ်လုပ် ကလေးတိုင်း လူကြီးတိုင်းရဲ့ အူခေါ် အစာလမ်းကြောင်းထဲမှာ ပိုးမွှားတွေနေထိုင်ကြတယ်။ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ဖန်းဂတ်စ်တွေကိုပြောတာ။ Ecosystem အီကိုစနစ်လို့ခေါ်တယ်။ အရေအတွက် ၁၀၀ ထရီလီယန်ရှိမယ်။ အဲလိုသူတို့အိမ်လိုသဘောထားနေကြတဲ့ပိုးမွှားတွေကို Gut flora လို့လည်းခေါ်တယ်။
အဲတာဟာ စိုးရိမ်စရာ မဟုတ်ပါ။ ကိုယ့်အတွက်အကောင်းတွေလုပ်ပေးနေကြပါတယ်။
၁။ Produce vitamin B12 and vitamin K ဗီတာမင် ဘီ-၁၂ နဲ့ ကေ ထုတ်လုပ်ပေးနေကြတယ်။
၂။ Control the growth of harmful bacteria အန္တရာယ်ပြုမဲ့ ပိုမွှားတွေကို သူတို့က ထိန်ပေးနေကြတယ်။
၃။ Break down poisons in the large intestine အူမကြီးထဲမှာ အဆိပ်အတောက်တွေကို ချေဖျက်ပေးနေကြတယ်။
၎။ Break down some substances in food အစာလမ်းအထက်ပိုင်းကနေ ကျေချက်လို့မရသေးတာတွေကို အူမကြီးထဲမှာနေတဲ့ ပိုးတွေကနေ အင်ဇိုင်းတမျိုးထုပေးပြီး ကျေချက်မှုလုပ်ပေးနေကြတယ်။
Friendly bacteria သူတို့ကို မိတ်ဆွေဗက်တီးရီးယားတွေလို့ခေါ်တယ်။ Lactobacillus လက်တိုဘက်ဆဲလပ်စ်ပိုးလည်း ပါတယ်။ ရောဂတ်ခေါ် ဒိန်ချဉ်ဆိုတာအဲဒီပိုးကို တမင်တကာမွေးမြူပြီးလုပ်ရတာဖြစ်တယ်။
ပဋိဇီဝဆေး ခေါ် ဗက်တီးရီးယားသေဆေးတွေကနေ အဲဒီပိုးအကောင်းတွေကိုပျါသစေတယ်။ ဝမ်းပျက်စေမယ်။ အဲတာကြောင့် ပိုးသေဆေးကို တကယ်လိုအပ်မှသာ စံနစ်တကျ သောက်ရတယ်။
ဆေးပညာစာတွေဖတ်ရင် ဘယ်လိုလူကရေးသလဲကို အရင်သိအောင် လုပ်ပါ။ ဖေ့စ်ဘွတ်မှာ ရေးကြတယ်။ စေတနာပါနိုင်တယ်။ ဒါပေမဲ့ စေတနာမှာ ပညာမပါရင် သူများကို ဒုက္ခပေးရာရောက်တယ်။ အဲလိုစာတွေ ထပ်ဖြန့်ရင်လည်း ဒုက္ခဝေရာကျတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၄-၂၀၁၉

Comments
Post a Comment