Space Shuttle လွန်းပြန်ယာဉ်

မင်္ဂလာပါ။ ကျနော့အမည့့် ဖြစ်ပြီး၊ ပုလဲမြို့နယ့့် ကျေးရွာဇာတိသားဖြစ်ပါတယ်ဗျ။ မြန်မာစာလုံးပေါင်းသတ်ပုံနဲ့ ပတ်သက်လို့ မရှင်းတာလေးတခုလောက်မေးချင်ပါတယ်ဗျ။ လွန်းပျံယာဉ်ရေးတဲ့နေရာမှာ ပျံ နဲ့ ပြန် ဘယ်ဟာက အမှန်လဲဆိုတာ ဖြေးပေးစေလိုပါတယ်ဗျ။ ကျေးဇူးတင်ပါတယ်။

လွန်းပြန်ယာဉ်လို့ ရေးပါတယ်။ ပျံသန်းတာမဟုတ်ဘဲ၊ ခေါက်တုံ့ခေါက်ပြန် ပြန်လာနိုင်တာဖြစ်လို့ပါ။ စက်ရက်ကန်းမှာလည်း လွန်းပြန်လို့သုံးပါတယ်။

လွန်း
စွန်းလွန်းဆရာတော်
ရက်ကန်းလွန်း
ရဲလွန်းသည်
လင်းလွန်းပင်
လွန်းကြိုး
လွန်းပုဆိုး
လွန်းကြင်ငှက်
လွန်းကြင်လှေတော်
လွန်းပြန်ချိတ်ပုဆိုး
လွန်းပြန်စက်ရက်ကန်း
လွန်လွန်းတယ်
သုံးလွန်းလိမ်
သလွန်း = လက်သည်၊ သူခိုး
ငွေကုန်လွန်းသည်
ကြောက်လွန်းသည်

ပျံ
ခုန်ပျံကျော်လွှား
ငှက်ပျံ
ဈာန်ပျံ
ပျံကျသမား
ပျံချီဘွဲ့
ပျံတံတံ နန့်တန့်တန့်
ပျံလွန်တော်မူသည်
ပျံလွှားငှက်
ပျံသန်း
ဘုန်းကြီးပျံ
လူပျံတော်
ဝဲကာပျံ
ဥက္ကာပျံ
လေယာဉ်ပျံ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး