ပြည်တွင်းနေကြ ချမ်းသာကြ၏

ကနေ့တော့ ဘောလုံးပွဲကြည့်နေတာမို့ စမူဆာနဲ့ လက်ဖက်ရည်ကုန်တော့မှ ဓါတ်ပုံရိုက်ဖို့သတိရတယ်။ ဆောရီး။

စားပွဲမှာ ရခိုင်သုံးယောက်၊ ဗမာတယောက်တို့နဲ့အတူ။ မွန်တယောက်က လာတာနောက်ကျနေတယ်။ လက်ဖက်ရည်ဆိုင်ကပြန်လာမှ ကချင်က လှမ်းဖိတ်တယ်။ နောက်တပတ်လို့ ချိန်းလိုက်တယ်။

ကျွန်တော်တို့အားလုံးကို အိမ်ရှင်အစိုးရက မြန်မာပြည်ကဒုက္ခသည်တွေလို့ သတ်မှတ်ပါတယ်။ ဆင်းရဲဒဏ်နဲ့ ချမ်းသာဒဏ် မတူတဲ့အကြောင်း ပြောလေ့ရှိကြတယ်။ ပြည်တွင်းမှာက ချမ်းသာနေကြပုံပဲ။ လူမျိုးစုမတူရင် လူချင်းမတူသလို ထင်မှတ်မှားနေကြတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ