Sweat patches and diabetes

ဆီးချိုကို ချွေးကနေ စစ်နိုင်တော့မလား

ကနေ့ထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ဆီးချိုကို ဆင်ဆာသစ်နဲ့ စစ်ဘို့ရာ ချွေးတလီတာရဲ့ တသန်းပုံ တပုံသာ လိုမယ်။ တောင်ကိုရီးယားမှာ စမ်းသပ်နေတာဖြစ်ပါတယ်။

ကြွက်တွေကိုစမ်းနေတာမှာ အဲဒီဆင်ဆာမှာ ဆီးချိုဆေးပါတဲ့ ဆေးကပ်ခွါ (ဆေးထိုးအပ်သေသေးလေးတွေ) လည်း ထည့်ထားပြီး လိုသလောက် အလိုအလျောက်ထိုးပေးပါဦးမယ်တဲ့။

ဆီးချိုမှာ ၂ မျိုးရှိတယ်။ တစ်အမျိုးအစားက ခုခံအားကမောက်ကမဖြစ်လာလို့ဖြစ်ရပြီး နှစ်ကတော့ လူနေမှုပုံစံအရ သကြားဓါတ်ကို မထိန်းနိုင်တော့တာဖြစ်တယ်။

တကယ်တော့ ချွေးထဲမှာ သကြားဓါတ်က အတော်နည်းနည်းသာပါတယ်။ ခွေျးထဲမှာပါနေတဲ့ လက်တစ်အက်စစ်ကြောင့် စမ်းရတာခက်တယ်။ ဆင်ဆာဆိုတာ ကွေးနိုင်ကောက်နိုင်တယ်။ အရေပြားမှာကပ်ထားရင် အလိုက်သင့်ရွေ့လို့ရတယ်။ လူတွေကိုသုံးဘို့တော့ စမ်းသပ်စရာတွေလိုပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး