End of an Era ဆုတောင်းရင်ပြည့်တယ်

မနှစ်က ဒီနေ့မှာ ဖတ်ရတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အစိုးရအဖွဲ့ရုံးများ လိုက်လံစစ်ဆေးစဉ် ဝန်ထမ်းများက အဘဟုခေါ်ဆိုသည့်အပေါ် သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ (ဧရာဝတီ)

ကျွန်တော်ဆီ မေးလာ-ရေးလာသူတွေက အဘကို ဗုံးပေါလအောသုံးနေကြလို့ အဘတို့ခေတ်ကျဆုံးပါစေလို့ ခဏခဏ (ခဏခဏ) ရေးနေခဲ့ရတယ်။ တနှစ်အကြာမှာတော့ နည်းလာပါတယ်။ အဘအခေါ်ခံချင်သူတွေလည်း ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်ပြီထင်ပါရဲ့။

အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်ခံရတာနဲ့ စာရေးတဲ့သူကနေ သား၊ သမီးလို့ရေးတာတွေဟာ နားလည်ဘို့ရာ အခက်အခဲတွေဖြစ်စေတယ်။ ရေးတဲ့သူလား၊ သူ့သားလား၊ ရေးတဲ့သူလား၊ သူ့သမီးလား၊ သမီးရဲ့သမီးလို့ရေးရင် သူ့မြေးမလေးလား စဉ်းစားရတယ်။ သားကောင်မလေးဆိုရင် သူ့ချွေးမလား။ သမီးကောင်လေးဆိုတာ သူ့သားမက်လား။ ကိုယ့်နာမည်ကို အဖျားဆွတ်ရေးတာလည်း နားလည်ရခက်တယ်။

ကိုယ့်အမျိုးတွေ၊ ရင်းနှီးသူတွေအချင်းချင်း ကြိုက်သလိုခေါ်ကြတာ ဘာမှပြောစရာမရှိပါ။ ကျွန်တော့်ဆီရေးရင်တော့ အဘလို့လည်း မခေါ်ကြနဲ့။ ကိုယ်တိုင်လည်း အဘလိုလည်းမလုပ်ကြနဲ့။ အဘခေတ် ကျဆုံးပါစေ။ တောင်သူတွေကို ဦးကြီးလို့ မြှောက်ပင့်ခေါ်ခဲ့တဲ့ ခေတ်လည်းကျဆုံးခဲ့ပြီးပါပြီ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆
၃၁-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ