HIV Prevention ကာကွယ်ရေး
၁။ မင်္ဂလာပါဆရာ့ ကျနော်အဲ့ညပြီး နောက်နေ့ညနေမှာပဲ ကူးဆက်ရောဂါကာကွယ်ရေး ဝေဘာဂီကိုသွားပြီး အကျိုးကြောင်းပြောပြပြီး မကူးဆက်နိုင်အောင်ကာကွယ်နိုင်မလားဆိုတော့ ၂၈ ရက်သောက်ရမယ့် ART လား ARV လား အဲ့ဆေးပေးလိုက်ပါတယ်ဆရာ။ အဲ့ဆေးက ဘယ်လောက်အထိကာကွယ်ပေးနိုင်ပါလဲဆရာ။ တဖတ်အမျိုးသမီးမှာ
ရောဂါရှိမရှိ မသိပါဘူး။ ကျနော်အရမ်းစိုးရိမ်မိနေပါတယ်ဆရာ။ ၂ လုံးသောက်တာရှိတယ်။ ၅လုံးသောက်တာရှိတယ်ဆိုလို့ ကျနော် ၅ လုံးသောက်တာကိုရွေးလိုက်ပြီး သောက်နေတာ အခုဆို ၄ ရက်ရှိပါပြီ။ ကျနော်သိချင်တာကဆရာ။ အဲ့ဆေးပုံမှန် အချိန်မှန် ၂၈ ရက်သောက်ပြီးလို့ ၃လ ၁ကြိမ်သွေးစစ် ၆လ ၁ကြိမ်သွေးစစ် အဲ့ချိန်မှ HIV မရှိဘူးဆို လုံးဝ စိတ်ချလက်ချ နေနိုင်ပြီလားဆရာ။ နောက်မှရောဂါပေါ်လာတာတွေရှိလား။
ကူးဆက် မဟုတ်။ ကူးစက်လို့ရေးရ။
၂။ ဆရာ ကျွန်တော်က HIV လူနာတွေကို ကြည့်ပေးနေရတဲ့ ဆရာဝန်တယောက်ပါခင်ဗျ။ ဆရာရေးထားတာတခုမှာ PMTCT အတွက် အဲဒီမှာ အမေကို AZT combination ပေးတယ် ကလေးကိုလဲ မွေးပြီး တလခွဲအထိ zidivudine ပေးတယ်လို့ ဖတ်လိုက်ရလို့ပါ။ National guidelines တွေက တခုနဲ့တခု နဲနဲစီကွာလို့ပါ။ ကျွန်တော်တို့သုံးနေတဲ့ WHO Guideline နဲ့ မတူလို့ပါ။ ကျွန်တော်တို့သုံးနေတာကတော့ ကိုယ်ဝန်ဆောင်မိခင် ပိုးရှိမှန်းသိရင် Tenofovir/Lamivudine/Efaveranze သုံးမျိုးစပ်ကို မြန်နိုင်သမျှမြန်မြန် အရင်တိုက်တယ်ဆရာ။ Viral load ကတော့ အခြေအနေပေါ်မူတည်ပြီး ဖောက်တာပါ။ ပြီးရင် မွေးလာတဲ့ကလေးကို nevarapine syrup တိုက်တယ် မွေးပြီး ခြောက်ပတ်အထိပေါ့။ ပြီးမှကလေးကို DNA PCR နဲ့ သွေးစစ်တယ်ဆရာ။
ကျွန်တော်အများဆုံး ကိုးကားနိုင်တာတွေက ရှာရတာလွယ်တဲ့ ယူအက်စ်နဲ့ ယူကေက သုတေသနတွေသာ ဖြစ်တယ်။ ဆေးသုတေသနဆိုတလည်း တိုးတက်ပြောင်းလဲနေတယ်။ ဆေးကုသနည်းတွေရဲ့ လမ်းညွှန်ချက်က နေရာဒေသအလိုက် မတူတာလည်း ရှိတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ တတ်နိုင်မှုနဲ့ ထိရောက်မှု စတာတွေကို ကြည့်ရပါတယ်။ အဲတာကြောင့် ကျွန်တော်က ပြည်တွင်းမှာ တကယ်ရှိနေတာတွေကို သိပ်သိချင်တယ်။ မနေ့ကပဲ တီဘီအကြောင်းမှာ ဖြေရသေးတယ်။ ကလေး ကာကွယ်ဆေးထိုးလမ်းညွှန်ကိုသိချင်လို့ ဆရာတယောက်ကို မေးထားတာ အဲဒီဆရာက မေ့နေပြီနဲ့တူတယ်။ မပို့သေးဘူး။
HIV ကို Pre-exposure Prophylaxis (PrEP) ပိုးနဲ့ မတွေ့ခင် ဆေးကြိုတင်သောက်နည်းနဲ့ ကာကွယ်နိုင်တယ်။ လိုအပ်လို့ သောက်ရတယ်လို့ ဆိုလိုပါတယ်။ HIV သံသယရှိတဲ့ လိင်မှုပြုမယ်ဆိုသူတိုင်း Truvada ဆေး ၂ ပြားကို ၂၄ နာရီ ကြိုတင် သောက်ပါ။ တကယ်ပဲ အဲလို အမှုပြုပြီးရင် တရက် ၁ လုံး၊ ၂ ရက်ဆက် သောက်လိုက်ပါ။ ၃ လနေရင် ဆေးစစ်ပါ။ Truvada ဟာ သောက်ဆေးပြားဖြစ်တယ်။ လူကြီးတွေကို တနေ့မှာ Tenofovir (Viread) 300 mg နဲ့ Emtricitabine (Emtriva) 200 mg ပါတဲ့ တွဲထားတဲ့ဆေးဖြစ်တယ်။ အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ ကျောက်ကပ်မကောင်းရင် ဆေးလျှော့ရမယ်။ ဆေးဝါးဗေဒလို Nucleoside analog reverse transcriptase inhibitors (Nukes) ဖြစ်တယ်။ HIV ရဲ့ RNA ကနေ DNA ဖြစ်လာအောင် ကူညီပေးတဲ့ (အင်ဇိုင်းမ်) အပြောင်းအလဲကို သက်ရောက်စေတယ်။ ဒီဖြစ်စဉ်ဟာ HIV ပိုးရဲ့ Genetic code မျိုးဗီဇ (ကုတ်) ကို ကူးစက်ခံရတဲ့ (ဆဲလ်) ရဲ့ Genetic code မျိုးဗီဇ (ကုတ်) ထဲကို မဝင်နိုင်ခင် လုပ်ပေးတာ ဖြစ်တယ်။
Truvada ဆေးကို ၂ဝဝ၄ ကတည်းက ကူးစက်ခံထားရသူတွေအတွက် အသိအမှတ်ပြုထားခဲ့ပါတယ်။ ၁၈ နှစ်အောက် ကလေးလူငယ်တွေနဲ့ Hepatitis B ဘီပိုးရှိနေသူတွေအတွက် စမ်းသပ်မှုတွေ မစုံသေးပါ။ ဆေးမပေးခင် CD4 Cell count နဲ့ Viral load (ဗိုင်းရပ်စ်) အရေအတွက်၊ ရောဂါလက္ခဏာတွေကိုပါ သိရမယ်။ ဒီဆေးနဲ့ တခြား (ARVs) တွေနဲ့ တွဲသောက်သူတွေမှာ (ဗိုင်းရပ်စ်) အရေအတွက် သိသိသာသာ လျှော့လာတာတယ်။ CD4 cell counts တက်လာတယ်။
ဘယ် ART/ARV ဆေးမဆို သောက်ခါစမှာ ခေါင်းကိုက်၊ သွေးဖိအားတက်၊ နေမကောင်းသလို ခံစားရတာတွေ ဖြစ်တယ်။ ဆေးသောက်တာ ကြာရင်တော့ ခံစားရတာတွေသက်သာလာမယ်။ Truvada ဆေးကြောင့် ခေါင်းကိုက်၊ ပျို့-အန်၊ အနီပြင်ထွက်၊ အစားပျက်တာတွေ ဖြစ်စေနိုင်တယ်။ တချို့ လူတွေမှာ Creatinine နဲ့ Transaminases (အင်ဇိုင်းမ်) တွေတက်တာ ဖြစ်စေနိုင်တယ်။ အသဲ၊ ကျောက်ကပ် မကောင်းရင် များနေတယ်။ ရိုးတွင်းခြင်ဆီအားနည်းစေနိုင်သေးလို့ (ကယ်လ်စီယမ်) နဲ့ ဗီတာမင် (ဒီ) တွေပါ သောက်တာ ကောင်းတယ်။ တချို့မှာ Lactic acid လဲတက်နိုင်တယ်။ အသည်းအဆီဖုံးတာ ဖြစ်လာနိုင်တယ်။ Lamivudine (Epivir, 3TC), Combivir, Trizivir or Epzicom ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။
အမေရိကန် ဖက်ဒရယ်လမ်းညွှန်ကို ၁၄-၅-၂ဝ၁၄ နေ့က ထုတ်ထားတာပါ။ Truvada ဆေးက ၉၂% ကာကွယ်တယ်။ (ဂေး) တွေ၊ စအိုလမ်းသုံးသူတွေ နေ့တိုင်းသောက်ရတယ်။ ၃ လနေရင် ဆေးစစ်ပါ။ ယောက်ျားသုံး (လေးတက်စ် ကွန်ဒွမ်) သုံးရင် ၈၅% ကာကွယ်နိုင်တယ်။
1. Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://doctortintswe.blogspot.com/2014/11/contraceptives-for-women-with-stihiv-hiv.html
2. HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ http://doctortintswe.blogspot.com/2014/11/hiv-acute-infection.html
3. HIV and AIDS by the Numbers http://doctortintswe.blogspot.com/2014/11/hiv-and-aids-by-numbers_30.html
4. HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://doctortintswe.blogspot.com/2014/11/hiv-and-aids-drugs-1.html
5. HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://doctortintswe.blogspot.com/2014/11/hiv-and-aids-drugs-2.html
6. HIV and AIDS http://doctortintswe.blogspot.com/2014/11/hiv-and-aids.html
7. HIV and Oral practice ပါးစပ်သုံးပြီး ဆက်ဆံတာနဲ့ HIV http://doctortintswe.blogspot.com/2014/11/hiv-and-oral-practice.html
8. HIV as a weapon http://doctortintswe.blogspot.com/2014/10/hiv-as-weapon.html
9. HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://doctortintswe.blogspot.com/2014/11/hiv-faq.html
10. HIV is evolving နှေးလာနေပြီ http://doctortintswe.blogspot.com/2014/12/hiv-is-evolving.html
11. HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://doctortintswe.blogspot.com/2014/11/hiv-medicines-side-effects-1-art.html
12. HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://doctortintswe.blogspot.com/2014/11/hiv-opportunistic-infections.html
13. HIV Prevention of mother-to-child transmission (PMTCT) မိခင်မှ ကလေးသို့ HIV မကူးစက်အောင် ကာကွယ်ရေး http://doctortintswe.blogspot.com/2016/09/hiv-prevention-of-mother-to-child.html
14. HIV Prevention ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hiv-prevention.html
15. HIV screening tests http://doctortintswe.blogspot.com/2014/11/hiv-screening-tests.html
16. HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://doctortintswe.blogspot.com/2014/11/hiv-sexual-transmission-hiv.html
17. HIV Summary အတိုချုပ် http://doctortintswe.blogspot.com/2014/11/hiv-cd4-viral-load-and-art.html
18. HIV Tests (1) http://doctortintswe.blogspot.com/2014/11/hiv-tests-1.html
19. HIV Tests (2) http://doctortintswe.blogspot.com/2014/11/hiv-tests-2.html
20. HIV Tests (3) http://doctortintswe.blogspot.com/2014/11/hiv-tests-3.html
21. HIV vaccine ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/11/hiv-vaccine.html
22. HIV ပိုးရှိနေသူတွေကိုပေးနေတဲ့ Truvada ဆေးဟာ ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ် http://doctortintswe.blogspot.com/2015/03/hiv-truvada.html
23. HIV အတွက် Truvada ဆေး http://doctortintswe.blogspot.com/2014/12/hiv-truvada.html
24. HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://doctortintswe.blogspot.com/2014/11/hiv-edurant-fda.html
25. HIV, CD4, Viral load and ART အိတ်ခ်ျအိုင်ဗွီ http://doctortintswe.blogspot.com/2014/11/hiv-cd4-viral-load-and-art.html
26. HIV/AIDS Myths and Facts http://doctortintswe.blogspot.com/2014/11/hivaids-myths-and-facts.html
27. HIV: How it spreads ဘယ်လိုကူးစက်လဲ http://doctortintswe.blogspot.com/2014/11/hiv-how-it-spreads.html
28. HIV-AIDS at glance http://doctortintswe.blogspot.com/2014/11/hiv-aids-at-glance.html
29. HIV-AIDS links in my new Blog
30. HIV-AIDS ရန်ကုန်ရှိ မေးမြန်းဆွေးနွေးနိုင်သော၊ သွေးစစ်နိုင်သော လိပ်စာနှင့် ဖုန်းနံပါတ်များ http://doctortintswe.blogspot.com/2015/04/hiv-aids.html
31. How to live with HIV-positive person အတူနေမယ် မကူးစေရ http://doctortintswe.blogspot.com/2014/12/how-to-live-with-hiv-positive-person.html
32. Pregnancy and HIV http://doctortintswe.blogspot.com/2014/11/pregnancy-and-hiv-hiv_15.html
33. World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့ http://doctortintswe.blogspot.com/2014/11/world-aids-day.html
ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၇
၁-၁ဝ-၂ဝ၁၇

Comments
Post a Comment