Red Label ဟက်ပီးဘာ့သ်ဒေး ဖွားဖွား

ဒေလီမှာ အနေကြာခဲ့တဲ့ မိသားစုတွေမို့ ဆိတ်သားဒန်ပေါက်ရယ် တီး ခေါ် ကျာယေး ဖျော်တဲ့လက်ဖက်ခြောက်ရယ်။ မနက်တိုင်းတော့ နက်စ်ကော်ဖီ။ တခါတလေမှာ တီး။ ဘရုတ်ဘွန်းတီးက ကောင်းတယ်။ အင်ဒီးယန်းတွေလို လက်ဖက်ရည်ထဲမှာ ချင်း (ဂျင်း) ကိုတော့ ဆောင်းတွင်းမှာ တခါတလေသာထည့်ပါတယ်။

ပဌမတခွက် ခြောက်အက်နေတဲ့ နှုတ်ခမ်းနဲ့ လည်ချောင်းတွေစိုပြေ
ဒုတိယ အထီးကျန်နေရမှုနဲ့ ဝမ်းနည်းခြင်းနံရံတွေ ပြိုစေ
တတိယမြောက် ခြောက်နေခဲ့ရတဲ့ ငါ့ဝိဥာဉ်ထဲမှာ ပုံပြင်ပေါင်းငါးထောင်ကို လိုက်ရှာနေ
စတုတ္ထ တရားမျှတမှုကင်းပတဲ့ အတိတ်ကဒဏ်ရာတွေ လွင့်ပျယ်စေ
ပဉ္စမ ငါ့အသွေးအသားတွေကို သန့်စင်စေ
ဆဋ္ဌမ မရဏကင်းခြင်းတန်ခိုးနဲ့ ထိတွေ့ပေ
သတ္တမ ငါခံမရနိုင်လောက်တဲ့ ချမ်းသာခြင်းကို ပေးဝေ။

[တရုပ်ကဗျာဆရာ လူတွန်း (၇၉ဝ-၈၃၅) ရဲ့ ပန်းလိုင်ကိုအသွား လက်ဖက်ရည် ခုနစ်ခွက်ကဗျာ]

ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး