Happy birthday မတ်လ (၂၂) ရက်


ဒေါ်မြမြအေးမွေးနေ့မှာ ပါတီရယ်ဘာရယ် လုပ်လေ့မရှိပါ။ မှတ်မှတ်ရရ ဒေလီမှာနေခဲ့တဲ့ နောက်ဆုံးနှစ်တုန်းကတော့ အသစ်ဖွင့်တဲ့ မြန်မာစားသောက်ဆိုင်မှာ သားအလတ်ရဲ့မိသားစုနဲ့အတူ နေ့လည်စာ သွားစားဖြစ်ခဲ့ကြတယ်။ အခုနေရာ ရောက်တဲ့နှစ်တုန်းကတော့ မြေးတချို့နဲ့ စားသောက်ဆိုင်တခုမှာ သွားကြတယ်။

ဒီနှစ်တော့ အစီအစဉ်မရှိပါ။ မွေးနေ့ရှင်က ကျန်းမာရေးအတွက် ဆိုင်စာတွေကို ရှောင်တယ်။ အချိုမှုံ့၊ အသားမှုံ့၊ ငပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ အဆီများအစားအစာ၊ သူများတွေကကောင်းတယ်ပြောတာတွေ ရှောင်တယ်။ ခုထိတော့ ဇရာဖြစ်စဉ်ကလွဲရင် ကျန်းမာသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး