Non-alcoholic beverage အရက်မပါ သောက်စရာ

အင်္ဂလိပ်စာလုံးလေးတွေပါလို့ ဆောရီး။

၁။ Malted Beverage (Non-alcoholic) သည် ဆိုးကျိုးရှိပါသလားခင်ဗျာ။ အာရပ်နိုင်ငံများတွင် အရက်မပါသော ဘီယာ ပေါ့ခင်ဗျာ။ ကျနောက်က ပြောင်းဆန်အနှံမွှေးလို့ သောက်ပါသည်။ ကျန်းမာရေးအရ ဆိုးကျိုးကို သိလိုပါသည်။ ဘီယာ အစစ်သောက်လျှင် ဘယ်လောက်အထိသောက်နိုင်ပါသလဲခင်ဗျား။

ဘီယာသောက်တာ နောက်မှ ရေးပါမယ်။ အရက်ဟာ အရက်ပါဘဲ။ တတက်စားလဲ ကြက်သွန်ဖြူပါဘဲ။ ဒီစာမှာ အရက်မပါ သောက်စရာကိုသာရေးပါမယ်။

၂။ ကျနော့် အသက် ၂၅ ပါဆရာ။ ထိုင်းကလာတဲ့ ကျွဲရိုင်း M150 မကြာကြာနှစ်ရက် တခါလောက် သောက်ဖြစ်တယ်။ အဲ့ဒီ အရာတွေအတွက် ဆိုးကျိုးကောင်းကျိုး သောက်သင့်မသောက်သင့် သိချင်လို့ပါဆရာ။

M-150 Energy Drink 8.46 fl. oz ခေါ် ဖျော်ရည်ဗူးထဲမှာ ကေဖင်းဓါတ် 80mg ပါတယ်။ ထိုင်းကထုတ်တယ်။ 150 mL ဖန်ပုလင်းနဲ့လည်းရောင်းတယ်။ ၂ဝ၁ဝ ခုနှစ်တုန်းက ဈေးကွက် ၆၅% ကိုလွှမ်းမိုးရာကနေ ၂ဝ၁၄ မှာ ၄၆% သာ ရှိတော့တယ်။

အရက်မပါတဲ့ သောက်စရာတွေကို Non-alcoholic Beer အရက်မဟုတ်တဲ့ ဘီယာ နာမည်ပါတွဲလာတယ်။ ဆွဲဆောင်ချင်တဲ့သဘောနဲ့ Non-alcoholic wine အရက်မပါဝိုင်လဲရှိတယ်။ ပိုပြီးနှစ်သက်စေအာင် Virgin drink လို့လဲ ခေါ်သေးတယ်။ ဘာဘဲခေါ်နေနေ (အယ်လ်ကော်ဟော) ဝ့၅% တော့ ပါနေပါတယ်။ Near beer နဲ့ Mocktail လို့ ခေါ်တာမျိုးလဲ ရှိသေးပါတယ်။ Sodas (ဆိုဒါ)၊ Juices ဖျော်ရည် နဲ့ Sparkling cider (စပါကလင်) တွေမှာတော့ အရက်တစက်မှ မပါပါ။

၂ဝ၁ဝ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကနေ သတ်မှတ်ချက်တွေ ထုတ်ပါတယ်။ ရည်ရွယ်ချက်တွေကတော့ ကျန်းမာရေးဂရုစိုက်ဘို့သင့်တဲ့ ကလေးသူငယ်တွေအတွက် အစား-အသောက် တွေထဲမှာ Saturated fats ပြည့်ဝဆီ၊ Trans-fatty acids (ထရန့်) ဆီ၊ Free sugars သကြားဓါတ် နဲ့ Salt ဆား ပါဝင်တာကို လိုတာထက် မများအောင် ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာဆိုတာတွေကနေ ကူးစက်တာမဟုတ်ပေမဲ့ရနိုင်တဲ့ ရောဂါဘယတွေ ဖြစ်စေနိုင်တယ်။ လူတိုင်းမှာ ကျန်းမာရေးနဲ့ညီတဲ့ ကိုယ်အလေးချိန် ရှိရမယ်။ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေသာ စားသောက်သင့်ကြတယ်။ ဒီလိုလုပ်ရတာဟာ လတ်တလောကာလတွေမှာ ကလေးတွေကစပြီး အလွန်ဝလာကြ၊ ရောဂါတွေရလာကြလို့ဖြစ်ပါတယ်။

အရက်မပါ အစားအသောက်တွေ ထုတ်လုပ်သူတွေအတွက် လမ်းညွှန်ချက်တွေ ထုတ်ထားပါပြီ။ ကလေးတွေအတွက် လမ်းညွှန်ချက် (၂ဝ-၁၁-၂ဝဝ၈၊ ဂျနီဗာ) ခေါ်ပါတယ်။ အလားတူ NGOs အစိုးရမဟုတ်တဲ့အဖွဲ့ (၉) နဲ့လဲ ဆွေးနွေးပွဲ လုပ်ပါသေးတယ်။ လမ်းညွှန်ချက် အတိုချုပ်ကတော့ ကျောင်းတွေမှာ ရောင်းကုန်ကြော်ညာတွေနဲ့ သပ်သပ်ခွဲသင့်တယ်။ ကာကွယ်သင့်တယ်။ တံဆိပ်တွေ ခွဲပြောသင့်တယ်။ အာဟာရတန်ဘိုး သတ်မှတ်ချက်ပါသင့်တယ်။

Non-alcoholic Erdinger wheat beer ဆိုတဲ့ ဂျုံကနေလုပ်တဲ့ အားကစားသမားတွေ သောက်တဲ့ အရက်မပါ-ဘီယာကို လေ့လာမှု လုပ်တယ်။ စမ်းသပ်မှုမှာ (မာရသွန်) အပြေးသမားတွေကို တနေ့မှာ ဒီဟာကို ၁့၅ လီတာသောက်တယ်။ သောက်သူတွေနဲ့ မသောက်သူတွေကို ယှဉ်ပြီးလေ့လာတယ်။ သောက်သူတွေမှာ ရောင်ရမ်းဖြစ်စဉ် တုံ့ပြန်မှုတွေ လွန်ကဲလာတယ်။ ခုခံအားစနစ်လဲ မျှချေပျက်သွားတယ်။ အသက်ရှူလမ်းအပေါ်ပိုင်း ကူးစက်ရောဂါတွေ ပိုပြီးဝင်လွယ်စေတယ်။ သောက်တာထဲမှာ Polyphenols ပါတဲ့အတွက် အကျိုးများစေတာလဲ တွေ့ရတယ်။ ရောင်ရမ်းဖြစ်စဉ် ကိုးကားချက်တွေ နည်းစေလို့ ကူးစက်ရောဂါရမှာကို နည်းစေတယ်။ ခံစားရတဲ့လက္ခဏာတွေလဲ သက်သာစေတယ်။

အမေရိကန်ကျန်းမာရေးဌာနက သုတသနလုပ်သူတွေက (အင်နာဂျီ) ဖျော်ရည်တွေကနေ (ကေဖင်း) များလွန်းတာအတွက် စိုးရိမ်ချက်ရှိတယ်လို့ ဆိုပါတယ်။ ဒါတွေထဲမှာ (ကိုလာ) ထက် (ကေဖင်း) ၃ ဆပိုပါတယ်။

Non-Alcoholic Beer သမိုင်းစခဲ့တာ ၁၉၁၉ အမေရိကားမှာ Prohibition အရက်တားဆီးရေး လှုပ်ရှားမှု ကတည်းကပါ။ အရက် ထုတ်လုပ်တာ၊ သယ်ပို့တာ၊ ရောင်းချတာနဲ့ သောက်သုံးတာတွေကို ဆန့်ကျင်ရေး လုပ်တာဖြစ်တယ်။ အရက် ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Anheuser-Busch, Miller နဲ့ Schlitz တွေကနေ အဲဒီအချိန်ကရှိတဲ့ ဥပဒေနဲ့ လွတ်အောင် Near beer ကိုထုတ်လုပ်ကြတယ်။ Malted beverages တွေဖြစ်ပါတယ်။ အရက်နည်းနည်းလေးသာ (.5% alcohol by volume) ပါတယ်။ ဘီယာကို ကျိုပြီးဖြစ်ဖြစ်၊ စစ်ပြီးဖြစ်ဖြစ်လုပ်ယူရတယ်။ မကြိုက်သူတွေက အရသာပျက်တယ်တဲ့။ ဒီတော့ တချို့က အရက်ပိုထည့်ထားပြီး Spiked beer ဆိုပြီးရောင်းတယ်။

ကောင်းတဲ့ဖက်ကနေ ထောက်ပြတာတွေလဲရှိတယ်။ စပိန်မှာ ခရစ်ယန်သီလရှင်တွေကို လေ့လာမှုလုပ်ပါသတဲ့။ သူတို့ကို ၄၅ ရက်တာ Non-alcoholic beer သောက်စေတယ်။ သွေးထဲမှာ Antioxidant levels တိုးလာတာ တွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၂
၁၆-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး