Blood Thinners သွေးကျဲဆေးများ

မေးခွန်းတခုကို လက်ရေးနဲ့ရေးပြီး ဓါတ်ပုံရိုက်ပို့ပါတယ်။ နှလုံးအဆို့ရှင်အစားထိုးခွဲစိတ်ထားရသူ အမျိုးသမီးတယောက်က ရောဂါ၊ ဆေးဝါးနဲ့ အစားအသောက်တွေကိုမေးတယ်။ သူစားချင်တဲ့ အသီးအရွက်တွေရဲ့ အင်္ဂလိပ်လို အခေါ်တွေကိုလည်း မေးပါသေးတယ်။

ရဲယို = Morinda angustifolita
ကန်စွန်း = Water Convolvulus
မြင်းခွာရွက် = Asiatic Pennywort
ခွေးတောက် = ရုက္ခဗေဒလို Dregea volubilis ခေါ်တယ်။ အင်္ဂလိပ်လို Green wax flower ခေါ်တယ်။

သွေးကျဲစေဘို့ ဆရာဝန်တွေပေးတဲ့ဆေးသာအားကိုးပါ။ တိုင်းရင်းဆေး၊ အစာအာဟာရတွေမှာ ဆေးသုတေသန မပြည့်စုံပါ။ သိထားပြီးဖြစ်တဲ့ အစားအသောက်စာရင်းကိုတော့ ရေးပါမယ်။
(က) သွေးကျဲစေတဲ့အစာများ
Ginge ဂျင်း (ချင်း)၊
Peppermint ပင်စိမ်း
Thyme စမုန်ဖြူ
Cinnamon သစ်ကြံပိုးခေါက်၊
Dill စမြိတ်၊
Oregano တောရှုံးပင်၊
Turmeric နနွင်း၊
Cayenne pepper ငရုတ်တမျိုး၊
Grapes စပျစ်သီး၊
Raisins စပျစ်သီးခြောက်၊
Prunes ဆီးသီးခြောက်။
Cherries ချယ်ရီသီး၊
Cranberries ခရမ္ဘယ္ရီသီး၊
Blueberries ဘလူးဘယ္ရီ၊
Grapes စပျစ်၊
Strawberries စထောဘယ်ရီ၊
Tangerines အခွံပွလိမ္မော်သီး၊
Orange လိမ္မော်သီး၊

(ခ) Foods That Thicken Blood သွေးခဲစေနိုင်တဲ့အစာများ
Vitamin K ဗီတာမင်ကေ၊
Parsley တရုပ်နံနံ၊
Kale ကိုက်လန်၊
Spinach ဟင်းနုနွယ်၊
Asparagus ကညွတ်၊
Cauliflowers မုန်လာထုပ်၊
Celery တရုပ်နံနံကြီး၊
Leeks ကြက်သွန်မြိတ်၊

(ဂ) Antioxidants အင်တီအောက်ဆီဒင့်ဓါတ်ပါအစာများ
Olive oil သံလွင်ဆီ၊
Garlic ကြက်သွန်ဖြူ

(ဃ) Vitamin E ဗီတာမင်အီးပါအစာများ
Whole grains ဖြူဖွေးအောင်ချွတ်မထားတဲ့အစေ့ (ဆန်၊ ဂျုံ)၊ Coconuts အုန်းသီး၊ Sunflower seeds နေကြာစေ့၊

(င) Omega-3 Fatty Acids အိုမီဂါ-သရီး ပါအစာများ
Salmon ဆယ်လမွန်ငါး၊ Albacore tuna ကျူနာငါး၊ Mackerel မက်ရယ်လ်ငါး၊

Blood Thinners သွေးကျဲဆေးတွေကို Anti-platelet drugs, Anticoagulants လို့လည်းခေါ်တယ်။ နှလုံးရောဂါနဲ့ သွေးကြောရောဂါရှိသူတွေကိုပေးတယ်။ နှလုံးအတက်ရမှာကို သက်သာဆေးတယ်။ ဆထုပ်ခ် ခေါ် ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း ခေါ် လေဖြတ်တာကို ဖြစ်ခွင့်နည်းစေတယ်။ သွေးခဲဖြစ်လာမှာကို တားဆီးပေးတယ်။

Atrial fibrillation ခေါ် နှလုံးခုန်မမှန်ခြင်း၊ နှလုံးအဆို့ရှင်ခွဲစိတ်ထားရခြင်း၊ မွေးရာပါနှလုံးရောဂါရှိသူတွေကိုပေးတယ်။ အမျိုးအစား နှစ်မျိုးရှိတယ်။ Anticoagulants အမျိုးအစားဆေးတွေကတော့ heparin or warfarin (Coumadin) ဖြစ်တယ်။ Antiplatelet drugs အမျိုးအစားဆေးတွေကတော့ aspirin ဖြစ်တယ်။ သွေးကျဲစေနည်းက မတူကြပါ။

ဆေးတွေမှာ ဘေးထွက်သက်ရောက်မှုတွေတော့ရှိတယ်။ သွေးထွက်စေနိုင်တယ်။ Coumadin ကြောင့်ပိုဖြစ်တယ်။ Vitamin D 2,000 IU, calcium 100-200 mg တွေကိုပါတွဲပေးတာလည်းရှိတယ်။ vitamin K1 ပါတဲ့ ဟင်းသီးဟင်းရွက်တွေ ရှောင်ရတယ်။ Aspirin ဆေးကနေ folic acid, vitamin C, iron, sodium နဲ့ zinc ဓါတ်တွေကို နည်းစေတယ်။ အစာလမ်းလေးနာရှိသူနဲ့ Hemophilia ဟီမိုဖီးလီးယားသွေးရောဂါရှိသူတွေက ဒီဆေးတွေနဲ့ မသင့်ပါ။

နှလုံးအဆို့ရှင်ရောဂါရှိသူတွေ လူနေမှုပုံစံပြောင်းတာလိုတယ်။ စာထဲပါတာထဲက ကိုယ်နဲ့ဆိုင်တာကိုသာလုပ်ပါ။
ဆေးလိပ်ဖြတ်ပါ။ သွေးတိုးကို ထိန်းနေပါ၊ ကိုလက်စထောချပါ၊ LDL level ကို 130 mg/dL (3.4 mmol/L) ထက် နည်းပါစေ၊ တခြား သတိထားစရာပါရှိနေသူဆိုရင် LDL ကို 100 mg/dL (2.6 mmol/L) အောက်အထိချပါ။ စိုးရိမ်စရာ ဖြစ်နေသူဆိုရင် 70 mg/dL (1.8 mmol/L) အထိနည်းပါစေ။ ဆီးချိုထိန်းနေပါ။ အသက်ကြီးသူတွေက ငြိမ်မနေပါနဲ့၊ လှုပ်ရှားပေးပါ။ ငယ်ရွယ်သူတွေက အတိုင်းအတာအရသာလုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကိုသာ ရွေးချယ်ပါ။ ကိုယ်အလေးချိန် ထိန်းနေပါ။ စိတ်ဖိအား လျှော့နည်းသုံးပါ။ သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ တုပ်ကွေးရာသီမှာ ကာကွယ်ဆေးထိုးပါ။ စိတ်ကို အပြုသဘောဆောင်ပါ။ ကံတရားကိုလည်း အားကိုးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး