မြန်မာစာ ဘာတွေဖြစ်နေလဲ

မြန်မာစာရေးကြတာမှာ သတ်ပုံလွဲနေတာ၊ စကားပြောတာနဲ့ သီချင်းဆိုကြတာမှာ မပီသတာတွေရေးနေလို့ အမြင်ကပ်စရာတော့ ကောင်းနေမယ်။ မတတ်နိုင်ပါ။ ထပ်ပြောရပါဦးမယ်။

(ကန်တော့ပါ) ဝမ်းသွာတဲ့အထဲ သွေးပါတာကို သွေးဆင်းတယ်လို့ရေးတာ နှစ်ယောက်ရှိတယ်။ အမျိုးသမီး လစဉ်ရာသီနဲ့ မျိုးပွါးခြင်းမှာသာ သွေးဆင်းတယ်လို့ ရေးရ ပြောရပါတယ်။

အခုပဲ အမျိုးသားတယောက်ဆီကလာတဲ့ မေးခွန်းတခုကတော့ သူ့ယောနိတဲ့။ အမျိုးသမီးလိင်အင်္ဂါကိုသာ အဲဒီအသုံး သုံးရပါတယ်။ အဲတာလည်း ကန်တော့ပါ။

ယောနိ = သားအိမ်၊ ပဋိသန္ဓေ၊ မိန်းမနိမိတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်