သတိ

(ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် မိလိန္ဒပဥှာ ပါဠိမြန်မာပြန်)

မိလိန္ဒမင်းသည် အသျှင်ဘုရားနာဂသေန လွန်လေပြီးသော ကြာမြင့်စွာက ပြုအပ်ပြီးသောအရာကို အဘယ်တရားဖြင့် အောက်မေ့နိုင်ပါသနည်းဟု မေးလျှောက်၏။

မင်းမြတ် သတိတရားဖြင့် အောက်မေ့နိုင်၏ဟု (မိန့်တော်မူ)။

အသျှင်ဘုရားနာဂသေန သတိဖြင့် မအောက်မေ့နိုင် စိတ်ဖြင့်သာ အောက်မေ့နိုင်သည်မဟုတ်ပါလောဟု (မေးလျှောက်၏)။

မင်းမြတ် အသင်မင်းမြတ်သည် တစုံတခုသော ပြုဖွယ်ကိစ္စကို ပြုပြီး၍ မေ့လျော့သည်ကို မှတ်မိဘူးသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မှတ်မိပါ၏ဟု (လျှောက်၏)။

မင်းမြတ် အသို့နည်း။ သင်မင်းမြတ်သည် ထိုမေ့လျော့နေစဉ်အခါက စိတ်မရှိသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား စိတ်မရှိသည် မဟုတ်ပါ။ ထိုမေ့လျော့ခိုက်အခါက သတိသည်မဖြစ်ပါဟု (လျှောက်သည်)။

မင်းမြတ် သို့ဖြစ်ပါလျက် သင်သည် သတိဖြင့်မအောက်မေ့နိုင် စိတ်ဖြင့်သာအောက်မေ့နိုင်သည်ဟု အဘယ်ကြောင့် ဆိုဘိသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရားနာဂသေန သင့်လျော် လျောက်ပတ်ပါပေ၏ဟု (လျောက်၏)။

ကျွန်တော့်မှတ်ချက် = တစ်စုံတစ်ခုသော မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး