P57 Hoodia ပိန်ဆေး အများပြည်သူသိစေရန် သတိပေးချက်

ဆရာရေ မင်္ဂလာပါ။ တခုမှမမေးဘူးလို့ အမှားပါရင် ခွင့်လွှတ်ပါ။ ဒှပိန်ဆေးက အရမ်းပျံ့နံ့နေလို့ ကျန်းမာရေး ဆိုးကျိုး ရှိနိုင်မလားလေး သိပါရစေ။ ကျေးဇူးတင်ပါတယ်။ ဆရာရေ ဖြေပေးပါနော်။

၁၈-၁ဝ-၂ဝ၁၁ နေ့က ယူအက်စ်အေ FDA ကနေ အများပြည်သူသိစေရန် သတိပေးချက်ထုတ်ထားခံရတဲ့ ပိန်ဆေးဖြစ်ပါတယ်။ ဆေးထဲမှာ ဘာတွေပါတယ်လို့ ထုတ်ဖေါ်ခြင်းမရှိလို့ဖြစ်တယ်။

Public Notification: “P57 Hoodia” Contains Undeclared Drug Ingredient https://www.fda.gov/Drugs/ResourcesForYou/Consumers/BuyingUsingMedicineSafely/MedicationHealthFraud/ucm276074.htm

FDA စစ်ဆေးချက်အရ အဲဒီဆေးထဲမှာ Sibutramine ဆေးပါနေတယ်။ အဲဒီဆေးအမျိုးအစားကို ၂ဝ၁ဝ အောက်တိုဘာလ ကတည်းက တားမြစ်ထားတယ်။ သွေးတိုးတက်စေမယ်။ နှလုံးခုန်မြန်စေမယ်။ သွေးကြောကျဉ်းရောဂါ ရာဇဝင်ရှိသူတွေ အသက်အန္တရာယ်ထိခိုက်နိုင်တယ်။ သုံးစွဲနေသူတွေ ဆေးကို ချက်ချင်းရပ်သင့်တယ်။ ဘေးထွက် သက်ရောက်မှုတွေကို ဆရာဝန်နဲ့စစ်ဆေးသင့်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး