တိမ်ပန်းချီ

ရှင်ဥတ္တမကျော် (တောလား)

တိမ်ညိုမိလ္လာ တိမ်စူကာနှင့်
တိမ်ပြာရောယှက် မရန်းဖက်၍
တိမ်သက်တန့်ရောင် အဝါပေါင်ဝယ်
မှောင်ခဲ့တခါ ပြာခဲ့တချို့
ညှို့ခဲ့တလီ ရီခဲ့တဖုံ
မှုန်ခဲ့တချက်
ယုဂန်ထက်က လေးဖက်လုံးခြုံ
တိမ်ဂဠုန်လည်း နဂါးရုံကြွေ့
ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင် ဂုဏ်ချင်းဆိုင်ခဲ့။

မှတ်ချက်
မှောင်ခဲ့တစ်ခါ ပြာခဲ့တစ်ချို့ မဟုတ်။
ညှို့ခဲ့တစ်လီ ရီခဲ့တစ်ဖုံ မဟုတ်။
မှုန်ခဲ့တစ်ချက် မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်