လက်ခြောက်နေသော အဆိုတော်

၁။ ဆိုသောလက်များ မခြောက်စေချင် (ပုံလုပ်ပြီး ပို့ပေးတယ်။ ကျေးဇူး။)

သီချင်းဆိုတာ များလို့ အာခေါင်ခြောက်သလား၊ သီချင်းကို လက်ခုပ်တီးပေးရလို့ လက်ခြောက်နေသလား မသိ။ လက်နဲ့တော့ သီချင်း ဆိုလို့မရလောက်။

၂။ သမီးသားလေးက ခုစိုတတန်းတက်နေတာပါ သူများကလေးတေ တတန်းစို ငယ်သွားလဲနေပြီ (တတန်းဆိုတော့လို့ ရေးရ။ သူများကလေးတွေလို့ ရေးရ။)

၃။ စာလုံး နောက်ခံ back groung အရောင်ကို စိုလိုတာပါ ခင်ဗျာ။ (ဆိုလိုတာလို့ ရေးရ။)

၎။ ဒီဆေးသုံးမျိုးရဲ့အသုံးဝင်ပုံကို google မှာ ရှာမတွေ့ လိုပါဆရာ ဘာဆေးတွေလဲစိုတာ သိရင်ပြောပြပေးပါလား (ဘာဆေးတွေလဲဆိုတာလို့သာ ရေးရ။)

၅။ သမီးအသက် ၂၄ ပါဆရာ။ တားဆေးသုံးရင် နောက်ပိုင်း ကိုယ်ဝန်မရနိုင်ဘူးစိုတာ မှန်လားဆရာ။ (ဆိုတာလို့ရေးရ။)

၆။ ဒါစို ဘယ်သွေးအားတိုးဆေးသောက်ရင် အဆင်ပြေမလဲ (ဒါဆိုလို့ရေးရ။)

အဲတာတွေက နမူနာတချို့။ စို နဲ့ ဆို မှားရေးရေးကြသူတွေက တပုံတခေါင်း။

စို
စိမ်းလန်းစိုပြေ
စိမ်းရောင်စို တောင်ညိုကမှိုင်းဝေ
စိုစွတ်သည်
စိုစိုပြည်ပြည်
စိုစိုပြေပြေ
စိုရွှဲနေသည်
မိုးစိုစိုမှာ သီချင်းဆိုနေသည်။
မိုးစိုနေသည်
ရွှန်းရွှန်းစိုစို
အရောင်စိုသည်
ရေစိုနေသည်

ဆို
စာဆိုတော်နေ့
ဆိုပါအုန်း ဘာကိစ္စလဲ
ဆိုကြပါစို့ ခွဲရသည်က ခဏတာ
ဆိုရှယ်လစ်စနစ်
ဝါဆိုလ
သီချင်းဆိုသည်
သူဆိုရင် သိပ်တော်တာပဲ
အဆိုတင်သွင်း
အဆိုအမိန့်
ပြောဆိုသည်
ပြောပြောဆိုဆို

စိုသောလက် မခြောက်စေနဲ့ အဆိုစကားရှိတယ်။ မှားလက်စနဲ့ ဆက်မှားပါလို့ ပြောတာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး