Sesame-Peanut Bars မြေပဲယို နှမ်းပြစ်

မြန်မာပြည်မှာတော့ သွားရည်စာ။ အိန္ဒိယမှာတော့ ရာသီစာ။ ရာသီဥတုအေးလာတာနဲ့ သူတို့ဆီက ဆိုင်ကြီးဆိုင်ငယ်တွေ၊ လမ်းဘေးဈေးဆိုင်တွေ၊ ညဈေးဆိုင်တွေမှာ မြေပဲယိုနဲ့ နှမ်းပြစ်တွေ ရောင်းကြတယ်။ ဝယ်ယူစားသောက် လက်ဆောင် ပေးကြတယ်။

နှမ်းရဲ့ အကျိုးကျေးဇူး
1. Fiber ဖိုက်ဘာပါတယ်။
2. Cholesterol and Triglycerides ကိုလက်စထောနဲ့ ထရွိုင်ဂလစ်စရွိုက်ခေါ် မသင့်တဲ့အဆီ နည်းကောင်းနည်းမယ်။
3. Protein ပရိုတင်းဓါတ်ရမယ်။
4. Blood Pressure သွေးတိုး ကျကောင်း ကျမယ်။
5. Bones အရိုးအတွက် ကောင်းနိုင်တယ်။

မြေပဲ ၁၀၀ ဂရမ်ကနေရနိုင်တဲ့ အာဟာရဓါတ်
ကယ်လိုရီ ၅၆၇
အဆီ စုစုပေါင်း ၄၉ ဂရမ်
ဆိုဒီယမ် ၁၈ မီလီဂရမ်
ပိုတက်စီယမ် ၇၀၅ မီလီဂရမ်
ကာဗွန်ဟိုက်ဒရိတ် စုစုပေါင်း ၁၆ ဂရမ်
ပရိုတင်း ၂၆ ဂရမ်။
သံဓါတ် ၂၅%
ဗီတာမင်ဘီ-၆ ၁၅%
မက်ဂနီဆီယမ် ၄၂%

သူများတိုင်းပြည်တွေက မြေပဲနှမ်းပြစ်လုပ်နည်း
Makes about 16 Servings ၁၆ ခုစာအတွက်
Unsalted butter ဆားမပါတဲ့ထောပတ်
white and/or black sesame seeds နှမ်းဖြူ နှမ်းနက်စေ့ 1¼ ခွက်
unsweetened shredded coconut အုန်းသီးဆံ ¾ ခွက်
unsalted, roasted peanuts မြေပဲလှော် ¼ ခွက်
honey ပျားရည် ¼ ခွက်
creamy peanut butter မြေပဲထောပတ် 2 ဇွန်း
vanilla extract ဗနီလာ လက်ဖက်ရည်ဇွန်း ¼ နဲ့
kosher salt ဆား လက်ဖက်ရည်ဇွန်း ¼လိုအပ်တယ်။

မြေပဲနဲ့ နှမ်းကို အလာဂျီရသူတွေလည်း ရှိတယ်။ အစားအသောက်မှန်သမျှ လတ်ဆတ် သန့်ရှင်းရပါမယ်။ ရက်စွဲလွန်နဲ့ မှိုတက်တာ သတိထားရမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရာသီစာ သွားရည်စာတွေ စားသုံးနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး