ပန်းရည်ဘဏ်တိုက်


တဝမ်းတခါးအတွက် ကွမ်းရောင်းရင်းဖြင့် ဘဝတိုက်ပွဲဆင်နွှဲနေရသော ကံမြဲ-အေးကျော်။ ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ဝင်းခြံမရှိ။ ဖြစ်သလိုစား ဖြစ်သလိုနေရရှာသော ကံမြဲ-အေးကျော်။ သူ့ကို မြင်းခြံဈေးကြီး အလယ်လမ်းမဘေးတွင် အခင်းမပါ ဗလာသက်သက် မြေကြီးပေါ်ထိုင်ပြီး ကွမ်းရောင်းနေသည်ကို အမြဲလိုလိုတွေ့ရသည်။

သူကား သာလေစွရွှေညာမြေ၊ ပန်းရည်ဘဏ်တိုက်၊ မောင်ကြီးနိဗ္ဗာန်ဆော်၊ ရုပ်သေးပွဲ၊ တောင်တော်ရွှေပုပ္ပါး နှင့် မိုးဦးတေး သီချင်းများကို ရေးစပ်ခဲ့သူတည်း။

(၁၉၃၆) ခု မြန်မာတနိုင်ငံလုံး စစ်ပြေးဒုက္ခသည်များ ပြန့်နှံ့နေချိန်တွင် သူ၏မိခင်သည် ပြေးရင်းလွှားရင်းဆိုသလို ကံမြဲ-အေးကျော်အား ချောက်မြို့တွင် မထင်မရှား မွေးဖွားခဲ့သည်။

ကံမြဲရွာသည် မြင်းခြံခရိုင် တောင်သာမြို့နယ်တွင်ရှိ ရွာတရွာဖြစ်သည်။ သူသည် ကံမြဲရွာတွင်သာ အနေကြာခဲ့သည်။ ကံမြဲသည်သာ သူ့အနုပညာ ပေါက်ဖွားရာဖြစ်သည်။ သို့ကြောင့် သူသည် ကံမြဲရွာကို သူ့ဇာတိအဖြစ် ခံယူထားသူ ဖြစ်သည်။

သူ အသက် ၆ နှစ် ၇ နှစ်အရွယ်ကပင် အခြားကလေးများနှင့်မတူဘဲ ထူးခြားခဲ့သူတယောက် ဖြစ်ပေသည်။

မြက်ရိတ် နွားကျွေးရင်း ပင်ပန်းသည့်ကြားမှ အပတ်တကုတ် ကြိုးစားရေးသားထားသော ၎င်းတေးများသည် ယနေ့ လုပ်သားပြည်သူတို့၏ နားတွင် မြဲနေပေပြီ

၁၉၇၂ ခု ဖေဖော်ဝါရီလထုတ် ဂီတပဒေသာပါ ဆောင်းပါး အရေးအသားသတ်ပုံအတိုင်း တင်ပြပါတယ်။
တဝမ်းတခါး
မြန်မာတနိုင်ငံလုံး
ရွာတရွာ
ထူးခြားခဲ့သူတယောက်
အပတ်တကုတ်

ပန်းရည်ဘဏ်တိုက် - နီနီဝင်းရွှေ https://www.youtube.com/watch?v=O4Xtl4J3FEk

အရင်က သီချင်းတွေကို မြန်မာစာမှန်အောင် ရေးသားခဲ့ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး