Urinary Tract Infections ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

(ကန်တော့)

ဆရာ မင်္ဂလာပါရှင့်။ ကျွန်မအသက် ၃၃ နှစ်ပါ။ ကလေးနှစ်ယောက် အမေပါရှင်။ ကျွန်မ ဆီးကျင်နေတာ ငါးရက်လောက် ရှိပါပြီ။ သူငယ်ချင်းအိမ်မှာ အစပ်များတဲ့ အစာတွေ စားခဲ့မိပါတယ် ဆရာ။ အရင်က ဖြစ်ဖူးပါတယ်။ လက်ဖက်ခြောက်နဲ့ သကြားစိမ်သောက်ရင် ပြန်ကောင်းပါတယ်ဆရာ။ ခုက ပြန်မကောင်းသေးဘူး ဆရာ။ ဒီနေ့ ဆေးခန်းပြပါတယ်ရှင့်။ အခု ဆေးသောက်ထားပေမဲ့ ဆီးစပ်က အရမ်းကို ကိုက်နေပါတယ်။ သက်သာအောင် ဘယ်လို လုပ်ရမလဲ ဆရာ။ ရေခဲကပ်၊ ရေနွေးကပ် မရပါဘူး ဆရာ။ ဆီးလည်း နည်းနည်းစီ ခဏခဏသွားနေပါတယ်။ ဆီးအရောင်မပြောင်း၊ သွေးမပါ၊ မချမ်းမတုန်၊ မဖျားပါဘူး ဆရာ။ ဆီးစပ်က တအားကိုက်နေလို့ပါရှင့်။

Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://doctortintswe.blogspot.com/2016/06/women-and-urinary-tract.html

တစ်အားလို့ရေးတာကို ပြင်လိုက်တယ်။ စီးစပ်နဲ့ နဲနဲဆီကိုလည်း ပြင်လိုက်တယ်။ ဆောရီး။ ဆီးလမ်းပိုးဝင်တာက ပိုးနဲ့ ဆိုင်တယ်။ ဖြစ်ပြီးမှသာ ဆီးအက်စစ်ဓါတ်များတဲ့ အစားအသောက်နဲ့ မသင့်တာဖြစ်တယ်။ အစားကြောင့် ဆီးလမ်းပိုးဝင်တာ မဖြစ်စေနိုင်။

ကျေးဇူးတင်ပါတယ် ဆရာ။ ရေခဲကပ်တာ နည်းနည်းသက်သာပါတယ် ဆရာ။

ရေခဲတခုတည်းနဲ့ မရလောက်။

ဆီးစပ်ကိုက်တာ နည်းနည်း သက်သာတာပါ ဆရာ။ ဆီးကတော့ ခဏခဏ သွားနေရပြီး ၊ အစပိုင်းဆီးက အဆင်ပြေပေမဲ့ နောက်ပိုင်း ဆီးကတော့ နာကျင်ပါတယ် ဆရာ။ ကိုက်တာ နည်းနည်း သက်သာလို့ နေလို့ အဆင်ပြေပါတယ် ဆရာ။
ကျေးဇူးပါရှင်။ ဆရာ ပေးတဲ့ link လေးတွေ လိုက်ဖတ်နေပါတယ်။

ဆီးအိမ်ဝင်နေရင် ပိုးသေဆေး လိုတယ်။ ပိုးကျန်နေသူ နာတာရှည်ဖြစ်နိုင်တယ်။ ဆီးအိမ်အထက်တက် ရောင်နိုင်တယ်။ ကျောက်ကပ် သတိထားရ။ အမျိုးသမီးတွေ ဆီးလမ်းပိုးဝင်တာ အတော်ကို အဖြစ်များတယ်။ ထပ်လည်းဖြစ်ကြတယ်။ အမေရိကားမှာ လေ့လာမှုလုပ်တော့ ဆီးလမ်းပိုးဝင်ခြင်းက အပြင်လူနာဌာနကိုလာပြတဲ့ ကူးစက်ရောဂါတွေထဲမှာ အများဆုံး။ အသက် ၁၄ နှစ်ကနေ ၂၄ နှစ်တွေမှာ အဖြစ်အများဆုံး။ အရွယ်မရွေးဖြစ်တယ်။ အသက် ၆၅ နှစ်ကျော် အမျိုးသမီးတွေမှာ ၂၀% ရှိတယ်။ လူဦးရေရဲ့ ၅၀% ကျော်မှာ တသက်မှာ တခါတော့ ဆီးလမ်းပိုးဝင်တာ ဖြစ်တယ်။

ကန်တော့။ အမျိုးသမီးတွေ မင်္ဂလာဆောင်စမှာ ဟန်းနီးမွန်းဆစ်စတိုက်တစ် ခေါ် ဆီးအိမ်ပိုးဝင်တာဖြစ်ကြတယ်။ အတူနေဖူးစ မိန်းကလေးတွေမှာလည်း ဖြစ်ကြတယ်။

ဆေးလိုတာကို ဆေးနဲ့မှသာ ပျောက်စေသင့်တယ်။ ဆီးလမ်းမှာဖြစ်တာ ဆီးအက်စစ်ဓါတ်နည်းစေရင် သက်သာတယ်။ ပိုးကို ကိုယ့်ခုခံအားစနစ်က သေစေရင်တော့ ကောင်းတယ်။ မသေရင် ဆီးအိမ်ကနေ အထက်တက်ပြီး၊ ကျောက်ကပ် ရောင်နိုင်တယ်။

ကျွန်တော်က ဆေးပညာစာရေးတွေမှာ ခြောက်လှန့် မရေးပါ။ ဆေးတွေ ဝယ်ချင်လာအောင်လည်း ဆွဲဆောင်ပြီး မရေးပါ။

1.    Agony ဆီးလမ်းကျောက်က နာခြင်း https://doctortintswe.blogspot.com/2014/10/agony.html
2.    Drugs and Kidneys ကျောက်ကပ်အပေါ် သက်ရောက်စေတဲ့ ဆေးတွေ https://doctortintswe.blogspot.com/2016/02/drugs-and-kidneys.html
3.    Glomerulonephritis ကျောက်ကပ်ရောင်ခြင်းတမျိုး  https://doctortintswe.blogspot.com/2016/04/glomerulonephritis.html
4.    Hematuria ဆီးထဲသွေးပါခြင်း https://doctortintswe.blogspot.com/2016/12/hematuria-causes.html
5.    Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ https://doctortintswe.blogspot.com/2015/04/honeymoon-cystitis.html
6.    IgA nephropathy အိုင်ဂျီအေ ကျောက်ကပ်ရောဂါ https://doctortintswe.blogspot.com/2014/12/iga-nephropathy.html
7.    Kidney cancer ကျောက်ကပ် ကင်ဆာ https://doctortintswe.blogspot.com/2017/01/kidney-cancer.html
8.    Kidney Diseases in Children ကလေး ကျောက်ကပ်ရောဂါတွေ https://doctortintswe.blogspot.com/2015/04/kidney-diseases-in-children.html
9.    Kidney Stones Home Remedies ကျောက်တည်တာသက်သာအောင် အိမ်မှာဘယ်လိုလုပ်မလဲ https://doctortintswe.blogspot.com/2014/11/kidney-stones-home-remedies.html
10.    Kidney stones ကျောက်ကပ်-ကျောက် https://doctortintswe.blogspot.com/2014/11/kidney-stones.html Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်း
11.    Nephritis ကျောက်ကပ်ရောင်ခြင်း https://doctortintswe.blogspot.com/2017/08/nephritis.html
12.    Polycystic Kidney Disease ကျောက်ကပ်ရောဂါ https://doctortintswe.blogspot.com/2014/11/polycystic-kidney-disease.html
13.    Renal Dialysis ကျောက်ကပ်ဆေးခြင်း https://doctortintswe.blogspot.com/2015/02/renal-dialysis.html
14.    Sulfamethoxazole and trimethoprim ဆေး https://doctortintswe.blogspot.com/2016/04/sulfamethoxazole-and-trimethoprim.html
15.    Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း https://doctortintswe.blogspot.com/2017/08/urinary-tract-infection.html
16.    Urinary Tract Infections in Children ကလေးဆီးလမ်းပိုးဝင်ခြင်း https://doctortintswe.blogspot.com/2018/08/urinary-tract-infections-in-children.html
17.    Warning Signs Of Kidney Failure ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်းလက္ခဏာလေးခု https://doctortintswe.blogspot.com/2017/05/warning-signs-of-kidney-failure.html
18.    Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://doctortintswe.blogspot.com/2016/06/women-and-urinary-tract.html
19.    World Kidney Day ကမ္ဘာ္ဘ့ကျောက်ကပ်နေ့ https://doctortintswe.blogspot.com/2017/03/world-kidney-day.html

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး