Iraq Book Market ဖတ်သူမခိုး ခိုးသူမဖတ်
ရှားပါးပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဓါတ်ပုံအဖြစ်တင်ထာတာ တွေ့တယ်။ အီရတ်နိုင်ငံ စာအုပ်ဈေးထဲမှာ ဆိုင်ပိတ်သွားလည်း စာအုပ်တွေကို ညမှာသည်အတိုင်းထားခဲ့ပါသတဲ့။ စာဖတ်သူတွေ မခိုး၊ ခိုးသူတွေက စာမဖတ်ကြလို့ ဖြစ်ပါသတဲ့။
အီရတ်နိုင်ငံမှာ အာဏာရှင်အုပ်စိုးမှုနဲ့ တိုက်ပွဲတွေကြောင့် တကမ္ဘာလုံးက မသိသူမရှိကြပါ။ တည်ငြိမ်မှုရလာတဲ့ နောက်မှာတော့ စာအုပ်ဆိုင်တွေ အလုပ်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဆဒမ်ဟူစိန်လက်ထက်မှာ စာအုပ် ၄၀ လောက်နဲ့ စခဲ့တဲ့ ဘက်ဂဒက်မြို့တော်က အာမာအာဘူရဲ့စာအုပ်ဆိုင်ဟာ ပုံထဲကဆိုင် ဖြစ်လာပါတယ်။ ၂၀၀၃ ခုနှစ် ဟူစိန် သေတဲ့နောက်မှာ စာအုပ်ဈေးအပါအဝင် အရာရာပြောင်းလဲလာတာ။ သောကြာနေ့တိုင်း ၁၀ ရာစုကဗျာဆရာကြီး မူတာနာဘီရဲ့ ရုပ်ထုနားမှာ တေးဂီတသမားတွေ၊ ရုပ်ရှင်သမားတွေနဲ့ စာသမားတွေ စုဝေးနိုင်လာကြတယ်။
အခုတော့ လူတွေမှာ စာအုပ်ဝယ်ဖို့ အချိန်မရှိကြေတော့လို့ စာအုပ်ဆိုင်ရှင်က ဆိုပါတယ်။ အပြင်ကနေသွင်းရတဲ့ စာအုပ်တွေက ဈေးကြီးတယ်။ နိုင်ငံရေးကလည်း မတည်ငြိမ်သေး။ လူတွေ စာရွေးဖတ်တာ အရင်ကနဲ့ မတူကြပါတဲ့။
မြန်မာပြည်ကအပြောင်းအလဲက တမျိုး။ စာအုပ်အငှားဆိုင်တွေ မရှိတော့။ စာဖတ်သူ နည်းလာတယ်။ ထွက်သမျှ စာအုပ်တွေက ပေါ်လစီသတ်ပုံနဲ့သာဖြစ်တယ်။ အကြောင်းအရာမှန်၊ မြန်မာစာမှန်တာတွေ ရှားပါးကုန်ကြပြီ။
ဂန္ထဝင်စာတွေကို သတ်ပုံပြင်လိုက်ကြပြီ။ ခိုးသူ မဖတ်။ ဖတ်သူ မခိုး။ ထုတ်သူ ခိုး၏။ အွန်လိုင်းဒေါင်းလုဒ်တင်သူ ခိုး၏။ ကန်တော့။ ဆောရီး။
ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂၀၁၉

Comments
Post a Comment