Stimulants Withdrawal စိတ်ကြွဆေးဖြတ်ခြင်း
ဆရာ ကျနော် amphetamines ဖြတ်ချင်ပါတယ်။ ကျေးဇူပြု၍ နည်းလမ်းလေးပေးစေလိုပါတယ် ၃ လကျော်လောက် နေနိုင်ခဲ့ပါတယ်။ ခု ပြန်ဖြစ်နေလို့ စိတ်လည်း ထိခိုက်နေရပါတယ်ဆရာ။ ကျနော် ဘယ်လို ပြုမူနေထိုင်ရမယ် ဆိုတာ လမ်းညွှန်ပေးစေလိုပါတယ်ခင်ဗျ။ ကျေးဇူပြု၍ ဖြေကြားပေးပါခင်ဗျ ကျေးဇူတင်ပါတယ်။ အသက် ၃၂ ပါ။
ဆောရီး။ ဖြတ်ချင်စိတ်ရှိလာတာ အလွန်ကောင်းတယ်။ ကွန်ဂရက်ကျူလေးရှင်း။ မူးယစ်အထူးကု သို့မဟုတ် စိတ်အထူးကုဆရာဝန်နဲ့ ဆွေးနွေးသင့်တယ်။ ဆေးရလွယ်တဲ့နေရာ ဆေးသုံးကြတဲ့အပေါင်းအသင်း ပတ်ဝန်းကျင် ပြောင်းသင့်ရင် ပြောင်းရတယ်။
Symptoms of Withdrawal ဆေးဖြတ်လက္ခဏာများ
တယောက်နဲ့တယောက် မူတာတွေ ဖြစ်နိုင်တယ်။ သူတို့ရဲ့ ဇီဝလုပ်ငန်းနဲ့ ခံနိုင်ရည်အရ မတူကြတာ။ ဆေးသုံးတဲ့ကာလနဲ့ အနည်းအများအပေါ်လည်း မူတည်တယ်။
Dysphoria ခေါ် စိတ်အအခြေအနေဖြစ်မယ်။ နေမထိထိုင်မသာအကြီးအကျယ်ဖြစ်မယ်။ အလိုမကျဖြစ်မယ်။ ဆက်ပြီးတော့ စိတ်ဓါတ်ကျမယ်။ ဒေါသကြီးမယ်။ စိုးရိမ်စိတ်လွန်ကဲမယ်။ Euphoria ခေါ် အလကားနေရင်း ကောင်းတယ်ထင်နေခြင်းနဲ့ ပြောင်းပြန်။ ချမ်းမယ်။ ရေဓါတ်ခမ်းခြောက်မယ်။ အာရုံခံစားမှုတွေ ထုံထိုင်းနေမယ်။ စကားပြောနှေးကွေးမယ်။ စိတ်ဝင်စားမှုနည်းမယ်။ နှလုံးခုန်နှေးမယ်။ လှုပ်ရှားမှုတွေနှေးကွေးမယ်။ သူများမမြင်တာ မကြာတွေ မြင်ကြားမယ်။ စိတ်အထင်သွေလွဲမှုဖြစ်မယ်။ အားယုတ်နေမယ်။ စားချင်စိတ်ကဲမယ်။ မှတ်ဉာဏ်နည်းမယ်။ အိပ်မပျော် သို့မဟုတ် အိပ်ချင်မယ်။ ကိုယ်လက်ကိုက်ခဲမယ်။ ဆေးပဲပြန်သုံးချင်နေမယ်။ အိပ်မက်မကောင်းတာမက်မယ်။
ဆေးဖြတ်တာဘယ်လောက်ကြသလဲ
ဆေးဖြတ်လက္ခဏာတွေက နာရီပိုင်းအတွင်းစဖြစ်တယ်။ ရက်ပေါင်းများစွာအထိ ကြာနိုင်တယ်။ တပတ်နေရင် ထိပ်ဆုံး ရောက်တယ်။ စိတ်ကျတာမျိုးကတော့ ကြာနေနိုင်တယ်။
ဆေးဖြတ်နည်းများ
အမျိုးမျိုးနဲ့ အများကြီးရှိတယ်။ detox program ခေါ် အဆိပ်ဖြေခြင်းကနေ rehab ခေါ် ပြန်လည်ပျိုးထောင်းခြင်းအထိ။ တချို့ဆေးရုံတက်ရတယ်။ support groups ခေါ်အထောက်အကူပြူအုပ်စုနဲ့ therapy sessions စိတ်ကုသနည်းတွေ ရှိတယ်။ Recovering ခေါ်နလံထတာလည်း ခက်တယ်။ အောင်မြင်သူတွေလည်းရှိပါတယ်။
ဒေါက်တာတင့်ဆွေ
၁၄-၁၁-၂၀၁၉

Comments
Post a Comment