Skin Tags အသားပိုလေးတွေ

ကျွန်မ အသက် ၂၂ နှစ်ပါ။ အိမ်ထောင်မရှိ အပျိုပါ။ Menstruation ပုံမှန်ပါ။ မျက်လုံးအောက်နှင့်နှာခေါင်းကြားမှာ ဝက်ခြံပေါက်သလို ထိပ်မှာ အဖြူအနှစ်လေးနဲ့အဖုလေး ၂ ဖုထွက်နေပါတယ်။ ညှစ်လည်းမမထွက်ပါဘူး။ ပုံမှန် အသားအရေလိုမျိုးဘဲ လက်သည်းနဲ့ ထိကြည့်ရင်နာပါတယ်။ ကြီးလည်းမလာပါဘူး။ မျက်စိ ၂ ဖက်လုံး၏ မျက်ခွံ အပေါ်ဘက်နှင့် အောက်ဘက်တွင် အသားပိုလေးများ ထွက်လာပါတယ်ရှင့်။ တခုကနေ နှစ်ခု စသဖြင့် ပွားလာပါတယ်။ ကိုယ်ပိုင်မျက်နှာသုတ်ပဝါသုံးပါတယ်။ cosmetic မသုံးပါ။ သနပ်ခါးအတုံးလိမ်းပါသည်။ အဒေါ်၏ မျက်လုံးတွင် ကျွန်မဖြစ်သကဲ့သို့ အသားပိုလေးများဖြစ်နေပါသည်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်

Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံကို ဒီအတိုင်းသာထားပါ။ နဲနဲကြီးလာချင်လာမယ်။ မစိုးရိမ်ပါနဲ့။ လှချင်လို့ ရှင်းချင်ရင် Liquid Nitrogen ဆိုတဲ့အရည်နဲ့ အေးခဲအောင်လုပ်ပေးတယ်။ မီးလောင်ဖုလိုမျိုး အရည်ကြည်ဖုလေးတွေ ဖြစ်လာလိမ့်မယ်။ ပြီးမှ နဲနဲကြာမှ အနာကျက်လာမယ်။ အနာဖြစ်ရင် အနာရွတ်ကြီးတတ်သူများ မျက်နှာမှာဆို ဒါမျိုးမလုပ်သင့်ဘူး။ တချို့လူတွေမှာ ဘာအနာဖြစ်ဖြစ် Keloids အနာရွက်သီး ဖြစ်တတ်တယ်။

နောက်တနည်းက ရိတ်ပြစ်တာ။ flexible razor blade သုံးသင့်တယ်။ လက်မလွန်စေနဲ့။ ရိတ်ပြီးရင် Aluminum chloride or Silver nitrate ဆေးလိမ်းပေးပါ။ သွေးမထွက်စေဘူး။ Silver nitrate ကညိုမဲမဲမို့ အစမှာ ညိုနေအုံးမယ်။ နောက် ပျောက်သွားမယ်။ Aluminum chloride ကပိုကောင်းတယ်ပေါ့။ Light electrocautery လျှပ်စစ်နဲ့ လောင်စေတဲ့နည်းလည်း သုံးပါတယ်။

ပို့ပေးတဲ့ပုံအရ Skin Tags ခေါ် အသားပိုလေးတွေဖြစ်တယ်။ အညှာလိုရှိတယ်။ လည်ပင်း၊ ရင်ပတ်၊ ကျော၊ ချိုင်း၊ ရင်သား၊ ပေါင်ခြံတွေမှာ ဖြစ်လေ့ရှိတယ်။ အမျိုးသမီး အသက်ကြီးရင် ပိုဖြစ်တယ်။ စိုးရိမ်စရာမလိုပါ။ ဖြတ်နည်း၊ အေးခဲနည်း မီးရှို့နည်းတွေနဲ့ ကုသနိုင်တယ်။

အသင့်ဆုံးအကြံကတော့ ဒီအတိုင်းသာထားသင့်တယ်။ တစ်ခုကနေကို ပြင်လိုက်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး