Ball Dance ပွတ်သဘင်

ကွန်မင့်တခု ရတယ်။ စာအုပ်အငှားဆိုင်တွေ အလွန်ရှားပါးလာပါတယ်ဆရာ။ စာအုပ်ဖတ်သူနည်းလာလို့ အရင်ခေတ်လို စာအုပ်မျိုးစုံ မတင်နိုင်တော့ပါ လူတွေ စာမဖတ်တော့ပါ။ ဖုန်းပွတ်ဖို့သာ အချိန်ပေးကြသည် တဲ့။

ခေတ်က အတော်ပြောင်းပြီ။ ဟိုအရင် စာအုပ်ဖတ်ကြတဲ့ခေတ်မှာ ဘာစာရေးရေး သတ်ပုံမှန်ရတယ်။ ရည်းစားစာဆိုရင် သတ်ပုံသာမက လက်ရေးပါလှရတာ။

ဖဆပလခေတ်မှာ ဆဲလ်ဖုန်း မပေါ်သေးလို့ ဖုန်းမပွတ်ကြပါ။ ပွတ်သဘင်ဆိုတာ ရှိတယ်။ ပုံထဲကလို ခန်းမကြီးထဲမှာ အတွဲလိုက်ကကြတာ။ ပိုက်ဆံတတ်နိုင်သူတွေသာ သွားနိုင် ကနိုင်ကြတယ်။

သီချင်းတပုဒ် ပေါ်လာတယ်။ ဘောလ်ဒန့်စ် ပွတ်သဘင် ရော့အင်ရိုး တဲ့။

အရင်ကတော့ ချမ်းသာသူတွေက လူရှေ့မှာ ပွတ်ကြတာ။ အခုတော့ ဖုန်းပွတ်နိုင်ဖို့ရာ ပိုက်ဆံများများမလိုပါ။ အခုခေတ် ဖုန်းပွတ်လိုက်တာနဲ့ နောက်ဆက်တွဲတွေက အမျိုးမျိုးဖြစ်လာစေနိုင်တယ်။ အဲလိုကြောင့်မေးကြတဲ့ ကျန်းမာရေး မေးခွန်းမျိုးကို ပို့စ်မှာ မတင်ပါ။

ဖုန်းပေါ်မှာ ယူနီကုဒ်။ လက်ရေးလှကြတယ်။ သတ်ပုံကို အရေးစိုက်ရန်မလို။ ယူနီကုဒ် ပွတ်သဘင် ရော့အင်ရိုး။

ကန်တော့။

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး