မြန်မာ့လွတ်လပ်ရေး တပ်ပေါင်းစုကြီး

ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုခဲ့သော ဖ ဆ ပ လ အဖွဲ့ချုပ်ကြီးသည် ရည်ရွယ်ချက်အတိုင်း ဖက်ဆစ်များကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့၍ မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သည်။ ဖ ဆ ပ လ အဖွဲ့ချုပ်ကြီး၏ ကြိုးပမ်းမှုကြောင့် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စသော လူနည်းစုတိုင်းရင်းသားများပါ မကျန် ပြည်သူလူထုတရပ်လုံး မကြုံစဖူး စည်းလုံးညီညွတ်ခဲ့သည်။ သို့သော် ၁၉၅၈ ခုနှစ်၌ ဖ ဆ ပ လ အဖွဲ့ကြီးပြိုကွဲပြီးလျှင် သန့်ရှင်း ဖ ဆ ပ လ နှင့် တည်မြဲ ဖ ဆ ပ လ ဟူ၍ နှစ်ခြမ်း ကွဲလေသည်။

ဖ ဆ ပ လ နှစ်ခြမ်းကွဲတဲ့အချိန်မှာ ကျွန်တော်က နွေရာသီကျောင်းပိတ်ရက် အင်္ဂလိပ်စာသင်ဘို့ ဦးလေးရှိရာ ဘုတလင်မြို့နယ် နေပူကုန်းရွာမှာ ရောက်နေပါတယ်။ ၂၂-၄-၁၉၅၈ နေ့က သတင်းစာကို ဘတ်ခဲ့ရပါတယ်။

မနှစ်က ဒီစာ ကိုတင်တော့ ပြည်သူလူထုတရပ်လုံး ပြန်လည်စည်းလုံးညီညွတ်ပါစေသတည်းလို့ ဆုတောင်းခဲ့တယ်။

ကနေ့ ကျွန်တော်တို့တတွေ ကမ္ဘာတလွှား၊ ပြည်သူလူထု တရပ်လုံး၊ တွန်းလှန်လိုသူတစုလို့ မှန်အောင်ရေးသားသူတွေနဲ့ အမိန့်အရပြင်ခိုင်းထားသလိုရေးသူတွေရယ်လို့ စာရေးတာတောင်မှ မညီမညွတ်ရှိနေကြတာကို သတိထားမိလာတယ်။ လူတွေကို မညီညွတ်အောင်လုပ်နည်း များလှပေသည်တကား။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂၀၁၈
၂၅-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး