လိမ်တာ ရိုင်းတယ်


ဗဟုသုတအနေနဲ့သိပါရစေခင်ဗျာ

အဲလိုဟာတွေ နေ့တိုင်းလိုလို တမျိုးပြီးတမျိုး မေးကြတယ်။ ဖြေရတာ အင်မတန် အားနာရတယ်။

the hiv virus ကို လုံးဝသတ်သွားတယ်လို့ဖတ်ရတယ်။ အဲတာ လိမ်တာ။

ပြီးတော့ ငါတို့ အသင်းကလို့ရေးသားခြင်းဟာ ရိုင်းတယ်။

ရောင်းသူတွေ၊ ပွဲစားတွေနဲ့ ဝယ်သူတွေအားလုံးက ကိုယ့်နိုင်ငံသားတွေ။ အားနာရတယ်။ ဒါပေမဲ့ ဆရာဝန်တွေက ဘယ်လိုပြောပြော ရောင်းရပါတယ်။ ယဉ်ကျေးတာ ရိုင်းတာက စားရတာမဟုတ်ဘူးလို့ပြောတတ်ကြတယ်။

မြန်မာပြည်ရဲ့ ကျန်းမာရေးစံနစ်အဆင့် ၁၉၀၊ ယဉ်ကျေးမှုအဆင့်လည်း ၁၉၀။

ဆေးရောင်သူများခင်ဗျား ဆောရီး။ ဆရာဝန်တွေက အဲလိုပြောတော့ ပိုပြီးဝယ်ချင်သူတွေလည်း တကယ်ရှိပါတယ်။။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး