Do Not As I Say ကျွန်တော်ရေးသလို မရေးနဲ့

ကွန်မင့်တခု ရတယ်။ ကျေးဇူး။ တစ်နေ့တစ်နေ့ သတ်ပုံအမှားတွေပြင်ပေးနေရတာ လူမုန်းများလည်း ပြင်ပေးလျက်ပါပဲ ဆရာ တဲ့။

စိတ်မဆိုးဘူးဆိုရင်တော့ တစ်နေ့တစ်နေ့လို့ရေးတာ မှားတယ်လို့ ပြောပါရစေ။ ဆောရီး။

သြော် တနေ့တနေ့နဲ့ တရွေ့ရွေ့အချိန်ကုန်ပြီ နှစ်လတာရှည် သြော်ဘယ်ချိန်ကျကာမှ မြနဲ့လေ ချစ်သူမောင်နဲ့ ပေါင်းရမယ်လို့ မျှော်မှန်းဆကာပ တမ်းတနေမည် တယ့်နှစ်လရာသီ

ဆယ့်နှစ်လရာသီ - ဖြူသီ https://www.youtube.com/watch?v=9T3V-nzv1AY

သီချင်းစာတန်းထိုးက သတ်ပုံတွေမှားတယ်။ သီချင်းနဲ့ ရုပ်ရှင် စာတန်းထိုးတွေမှာ သတ်ပုံမှန်တာ အတော်ကိုရှားတယ်။ ခုခေတ်က သတ်ပုံမှားမှ နားထောင်ကောင်း၏။ မြန်မာစာ သြော် တနေ့တနေ့နဲ့ တရွေ့ရွေ့အချိန်ကုန်ပြီ။

မဆိုးပါဘူးဆရာ။ အက္ခရာတွေကိုရေးရင် (စ်) ထည့် ရမယ်လို့ ဆိုလို့ပါဆရာ။ ကျမက ပထဝီမေဂျာဆိုတော့ မြန်မာစာလည်း သေချာလေ့လာခဲ့ရတော့ သတ်ပုံတွေကို အလေးထားပါတယ်ဆရာ။

အက္ခရာတွေတော့ မဟုတ်လောက်။ ရေတွက်လို့ရရင် စသတ်လို့ ဖေါ်မြူလာလုပ်ကြတယ်။ အရင်က အဲလို မလုပ်ပါ။ ပိုက်ဆံတွေကို တကျပ်၊ တဆယ်၊ တရာတန်တွေ ထုတ်ခဲ့တယ်။ ပိုက်ဆံထက် ရေတွက်လို့ရတာ ဘာရှိသလဲ။

တတွေကို တစ်ခိုင်းတဲ့ သမိုင်းရေးတင်ထားတယ်။ မနောက်က ဘဲလိုက်လည်း နေရာတိုင်းမှာ မမှန်။ နမူနာဓါတ်ပုံတွေ တထောင်လောက် တင်ပြထားတယ်။ အခုမှ မှားမှန်းသိတာကို လက်ခံသူတွေက ပြင်လာကြတယ်။ ၉၉% ကတော့ တစ်နေဆဲ။

အစိုးရထုတ် သတ်ပုံစာအုပ်မှာ အမှားတွေပါနေတယ်။ အခုပြင်ထုတ်လိမ့်မယ်။ တစ်တော့ ပြင်ကြဦးမယ်မထင်။ တစ်အုပ်စုက မြန်မာစာမှာ အာဏာရထားလို့။

ဟုတ်ဆရာ။

အစိုးရဌာနတွေ၊ ကျောင်းတွေမှာတော့ ကျွန်တော်ပြောသလိုရေးရင် ပယ်ချခံရမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး