Saturday, November 30, 2019

Rodenticide and Atropine ကြွက်သတ်ဆေးနှင် ဖြေဆေး

ဆရာ ကျမ သိချင်တာလေးရှိလို့မေးခွင့်ပြုပါဆရာ။ လုနာက အသက် ၂၂ ပါဆရာ။ ကြွက်သတ်ဆေးသောက်ပြီး ရောက်လာတာ တရက်ထဲကို ထိုးဆေး Atropine အလုံးပေါင်း ၁၄၇၅ ထိထိုးတယ်ဆရာ။ ဘာဖြစ်လို့ အဲလောက်ထိ ထိုးရတာပါလဲ။ ဆေးရဲ့နောက်ဆက်တွဲ ဖြစ်နိုင်တဲ့အခြေအတေကို သိခြင်ပါတယ်ရှင့်။

တရက်ထဲလို့ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ တရက်တည်းလို့လည်းရေးကြ။ သိချင်ပါတယ်လို့ ရေးရ။ အခြေအတွေလို့ရေးရ။

ဘယ်ဆေးမဆို ဗီတာမင်အားဆေးဖြစ်ဖြစ် သတိထားစရာတွေရှိတယ်။ အဆိပ်သင့်တာလာရင် ဆရာဝန်တွေက အသက်ကယ်ရေးကို ပဌမစဉ်းစားကြရတယ်။

Rodenticide Toxicity ကြွက်သတ်ဆေးအဆိပ်သင့်ခြင်းအကြောင်းနဲ့ Cholinergic crisis after rodenticide poisoning ဖြေဆေးနောက်ဆက်တွဲဖြစ်ခြင်းများကို သုတေသနတွေရှိတယ်။ ဆရာဝန်တွေအတွက်သာ လိုအပ်ပါမယ်။

ကျွန်တော် မြန်မာပြည်နေရစဉ်က မြို့သာမှာ ပိုးသတ်ဆေးသောက်လူနာတွေကို atropine ဆေးနဲ့ ကုသပေးခဲ့ရတယ်။ မေ့ဆေးမပေမီ လူနာချွဲထွက်တာသက်သာအောင်ပေးတဲ့ဆေးဖြစ်လို့ ဆေးရုံမှာ ၄-၅ လုံးသာရှိတယ်။ အဆိပ်ကြောင့် လူနာတွေ အတော်ဆိုဆိုးဝါးဝါး ခံစားကြရပေမယ့် အဲဒီဆေးက အသက်ကယ်တယ်။ မှတ်မှတ်ရရ လူနာတယောက်ကို ဆေးအလုံး (၉ဝ) ကျော်ထိုးပေးခဲ့ရဖူးတယ်။ အသက်မသေပါ။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် ဖြစ်လို့ မန္တလေးဈေးချို မှောင်ခိုဆေးဆိုင်ကနေ ဆေးရှာဝယ်ရတယ်။ မှောင်ခိုဈေး ကျေးဇူးကြီးတယ်။ မဆလ ကြွက်သတ်ဆေးနဲ့တူတယ်။ အဲတာရဲ့မျိုးဆက်တွေက အမည်တမျိုးနဲ့ မဲရရေးလုပ်နေကြတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...