Godaun ဂိုထောင်

မင်္ဂလာပါ ဆရာ ဂိုထောင် နဲ့ ဂိုဒေါင် ဘယ်စာလုံးပေါင်းက အမှန်လဲဆိုတာ ပြောပြပေးပါ ဆရာ

ဂို
နဂိုမူလ
ဂိုထောင် (ဟိန္ဒီစကား) Godaun
နဂိုဇာတိ

ဂိုရ်
စမ္ပါနဂိုရ် (အရင်က စမ္ပန္နဂိုရ်လို့ရေးတယ်)
နဂိုရ် = နဂရ = မြို့
သင်္ကဿနဂိုရ် (မြတ်စွာဘုရား လူ့ပြည်ကို ပြန်လည်ကြွတဲ့နေရာ)
ဒီမှာကျတော့ ဂိုဒေါင်လို့ ဖြစ်နေတယ် ဆရာ။

ဟုတ်။ ကျေးဇူး။

ဘာသာခြားစကားကနေယူတာဖြစ်လို့ အသံထွက်နီးစပ်တာရေးနိုင်။ ဂိုဒေါင်လို့ထွက်တယ်။ မြန်မာစာမှာ စာလိုရေးတာ အားသန်တယ်။ ဂိုဒေါင်က ပိုသင့်ပါမယ်။

အာလူး၊ ပန်ကာ၊ ဂေါ်ဖီ (ပန်းမုန်လာပွင့်)၊ ခါဂျက် (မုန်လာဥဝါ)၊ စမူဆာ၊ ပူရီ၊ ပရာထာ (ပလာတာ)၊ ဒိန်ယင်း (ဒိန်ချဉ်)၊ မခမ်း၊ စတာတွေကလည်း ဟင်ဒီစကားတွေ။

ကတ်ကြေး၊ ပိုက်ဆံ၊ ကြာပွတ် တွေလဲ အသံထွက်အတူတူပဲနော် ဆရာ။

ကျေးဇူး။ ပိုက်ဆား (ပိုက်ဆံ)။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး