ICC and USA အိုင်စီစီနဲ့ အမေရိကန်

မနှစ်က ၉-၁၀-၂၀၁၈ နေ့မှာ နိုင်ငံတကာသတင်းတခု ထွက်တယ်။ တကယ်လို့သာာ ICC ခေါ် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးကနေ အမေရိကန်စစ်သားတွေအပါ် စစ်ရာဇဝတ်မှုစွဲဖို့ လုပ်မယ်ဆိုရင်တော့ ICC တရားသူကြီးတွေကို အရေးယူမယ်တဲ့။ ဖမ်းမယ်တဲ့။ အမေရိကန် အမျိုးသားလုံခြုံရေးတာဝန်ခံ ဂျွန်ဘော်လ်တန်က ပြောလိုက်တာ။

အာဖကန်မှာ စစ်တိုက်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဆိုလိုတယ်။ ICC ကလည်း ICJ လိုပဲ နယ်သာလန်နိုင်ငံ The Hague သဟိတ်မြို့မှာရှိတယ်။

သူပြောတာက အစ်ဇရေးလ်ကိုဖြစ်ဖြစ် သူ့မဟာမိတ်တွေကိုဖြစ်ဖြစ် အဲလိုလုပ်တာကို ခံမှာမဟုတ်ဘူးတဲ့။ သူ့အလုပ်သာ လုပ်နေတဲ့ စစ်တပ်ကို သူ့အရပ်သားအစိုးရက အကာကွယ်ပေးတာ။

တရားသူကြီးတွေကို အမေရိကန်ဗီဇာပိတ်မယ်။ အမေရိကားမှာထားတဲ့ သူတို့ရဲ့ စီးပွါးရေးပိုင်ဆိုင်မှုတွေကို ပိတ်မယ်တဲ့။ လိုအပ်ရင် ICC တရားသူကြီးတွေကို အမေရိကန်တရားဥပဒေနဲ့ တရားစွဲဦးမယ်တဲ့။

နိုင်ငံတကာဆိုတာ အဲလိုပဲ။ အင်အားကြီးရင် ခိုင်မာရင် ပြောနိုင်စွမ်း၊ လုပ်နိုင်စွမ်းရှိတယ်။

ကျွန်တော်တို့ ဒေသတွင်းမှာ အာစီယန်တခုလုံးကို၌က ခပ်သေးသေး။ ကိုယ့်ဘက်မှာပါသူ မရှိ။ ပါလို့လည်း ရတာတော့ မဟုတ်။

ပြည်တွင်းမှာ အမှုကိစ္စကို တာဝန်ယူဆောင်ရွက်နေတဲ့ NLD ကို ထောက်ခံတဲ့ နိုင်ငံရေးပါတီ တခုတလေမှမရှိ။ ICJ အရေး ကိုယ်နဲ့မဆိုင်လို့ ထင်နေသူတွေက များ။ လာမဲ့ရွေးကောက်ပွဲသာ အားခဲနေသူတွေက ပိုများ။ သမတဖြစ်ရင် ကျူရှင်ထက် မသိသူကို မဲပေးချင်သူတွေက မရှား။ စစ်တပ်ကလည်း အလားအလာကောင်းပြတာ တခုတလမှ မမြင်ရ။

အဲတော့ NLD တကိုယ်တည်းနဲ့ အမှန်သိမြင်ကြတဲ့လူထုကိုသာ အားကိုးရာ။ ခေါင်းဆောင်မှုကိုသာ အားကိုးရာ။

ရွေးကောက်ပွဲတိုင်းမှာ NLD က မဟာမိတ်ပြုတာမလုပ်ဘူးလာ အမြဲမေးခံရတယ်။ ဖြေရတာ အားနာတယ်။ ရေဒီယိုတွေက မေးရင် စကားလုံးရွေးနေတာက အလုပ်ကြီးတခု။

တိုင်းပြည်အရေးကြည့်သူတွေနဲ့ စားရေးသောက်ရေး နေရာရရေးသာ ကြည့်သူတွေ ရောနှောနေထိုင်တဲ့ တရားခံ နိုင်ငံတော်ကြီးမှာ ကျွန်တော်တို့ စုပေါင်း မညီမညာ နေထိုင်ကြတယ်။ ဆောရီး။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး