Julius Caesar ဂျူလီယပ်ဆီဇာ

ဆရာ ဆီဇာက ဘုရင်ဧကရာဇ် ဖြစ်လိုက်သေးတာလား ခင်ဗျ

ဘီစီ ၁ဝဝ နဲ့ အေဒီ ၅ဝဝ အတွင်းမှာ ရောမမြို့ကြီးနဲ့ ရောမမြို့သစ်ခေါ် ကွန်စတန်တင်နိုပယ်တို့ဟာ အကြီးဆုံး ဖြစ်ကြတယ်။ လူဦးရေ သန်း ၅ဝ ကနေ ၉ဝ နေထိုင်ခဲ့ကြတယ်။ ရောမအင်ပါယာ နှစ်သက်တမ်း ၅ဝဝ အတွင်း Gaius Julius Caesar ဂျူလီယက်ဆီဇာလက်ထက်မှာ နိုင်ငံရေးအရ ထူးခြားတာတွေ ဖြစ်ပျက်ခဲ့တယ်။

ဆီဇာဟာ ရောမကရာဇ်ဖြစ်တယ်။ အာဏာရှင်ဖြစ်တယ်။ စစ်ဘုရင်ဖြစ်တယ်။ ဘီစီ ၁၀၀ ခုနှစ် ဇူလိုင်လ ၁၂ သို့မဟုတ် ၁၃ ရက်နေ့မှာမွေးတယ်။ ဘီစီ ၅၁ မှာ ဂေါလ် ခေါ် ရှေးခေတ်ပြင်သစ်တွေကို အောင်နိုင်ရာနေ တန်ခိုးထွားလာတယ်။ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်နိုင်တယ် ဂျာမဏီ ရိုင်းမြစ်ကိုလည်းကျော်နိုင်တယ်။ နောက်ဆုံးမှာ သူ့ရဲ့ ယုံကြည်စိတ်ချရသူတွေထဲက တယောက်ဖြစ်တဲ့ ဘရူတပ်စ်အပါအဝင် ဆီးနိတ်ကသူ့လူတွေက သူ့ကို လုပ်ကြံသတ်ဖြတ်လိုက်တယ်။ အဲဒီနေ့ဟာ ဘီစီ ၄၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ဖြစ်တယ်။

သူသေပြီးနောက် ပြည်တွင်းစစ်ဖြစ်တော့ ဆီဇာရဲ့ မွေးစားသား အောက်တေးဗီယန်းက မတ်အင်တိုနီနဲ့ အီဂျစ်ဘုရင်မ ကလီယိုပက်ထရာတို့ နှစ်ယောက်အပေါ် အနိုင်ရတယ်။ အီဂျစ်ကိုပါ သိမ်းယူလိုက်တယ်။

ရောမမြို့ကြီးသက်တမ်းက နှစ်ပေါင်း ၁၅ဝဝ ရှည်တယ်။ ကျွန်တော် ရောမကို မရောက်ခဲ့ပေမဲ့ အီတလီမြောက်ပိုင်းက တူရင်မြို့ကို နှစ်ခေါက်ရောက်တယ်။ ရောမသားလို့ ကျင့်ပါတယ်။ အဲဒီနေ့မှာ အီတလီ ကမ္ဘာ့ဘောလုံးပွဲ ဗိုလ်စွဲတယ်။ ၂၀၀၆ ခုနှစ်။

The Roman Empire ရောမအင်ပါယာ https://doctortintswe.blogspot.com/2018/11/the-roman-empire.html

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး