ဒီဇင်္ဘာ အဆင့်ပါသလား

ဒီဇင်ဘာက စာလုံးဆင့်ရေးရတာလားဗျ

အဆင့်ပါလည်းရ၊ မပါလည်းရ။ အစဉ်အဆက် ဒီဇင်္ဘာလို့သာ ရေးလာခဲ့ကြတယ်။ အင်္ဂလိပ်စာလုံးကနေယူတာဖြစ်လို့ အသံထွက်မှန်ရင် မှားတယ်လို့တော့ ပြောမရ။ ဒါပေမဲ့ အစဉ်အလာကို လေးစားတာ ကောင်းမလား မသိပါ။

ဇန္နဝါရီ၊ ဇန်နဝါရီ။ ဧပြီ၊ အေပြီ။ သြဂုတ်၊ သြဂတ်စ်။ စက်တင်္ဘာ၊ စက်တင်ဘာ။ နိုဝင်္ဘာ၊ နိုဝင်ဘာ။ ဒီဇင်္ဘာ၊ ဒီဇင်ဘာ။

အမည်တွေမှာ အစဉ်အလာရှိတာတွေကို မပြင်သင့်ပါ။ မန္တလေး၊ မုတ္တမ၊ မိတ္ထိလာ (မူရင်းသတ်ပုံမှာ မိတ္ထီလာမဟုတ်)၊ ပခုက္ကူ၊ ဟုမ္မလင်း၊ နတ္တလင်း၊ မုပ္ပလင်၊ အလ္လကပ္ပ၊ သခွတ္တနယ်၊ သေတ္တရာရွာ၊ သာဝတ္ထိ၊ စေတုတ္တရာ၊ နမ္မတူ၊ သရေခတ္တရာ၊ စတဲ့အမည်တွေမှာ အဆင့်တွေနဲ့သာ ဆက်ရေးသင့်တယ်လို့ ယူဆပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး