ယခုတော့လည်း ဗမာပြည် ရေတက်ငါးစင်ရိုင်းလိုပ

ငါးစင်ရိုင်းကို ငါးစဉ်ရိုင်းဆီပြန်လို့ သတ်ပုံမှားရေးထာတာတွေလို့။ ကျွန်တော်လည်း စာရေးတာ စာရိုက်တာ မကြာခဏ ပြင်ရတယ်။ ပြင်လိုက်ရင် မှန်ရော။

မြန်မာ့စွယ်စုံကျမ်းမှာ ငါးကြောင်းရေးထားတယ်။ သတ်ပုံတွေကိုပါ လေ့လာကြစေလိုပါတယ်။
တခါတည်းပင်
တကောင်နှင့် တကောင်
ပါးဟက်တခုနှင့် တခုအကြား
တမျိုးနှင့်တမျိုးမှာ

ဇွဲသီချင်း
ယခုတော့လည်း ဗမာပြည် ရေတက်ငါးစင်ရိုင်းလိုပ ပုံခိုင်းလို့ဆိုပြန်သည် ကောက်ရိုးမီးတမျှ ဝုန်းကတည်းထသည်
ပြီးတော့တလီ ကျွန်တော့်အသဲထဲမှာ စွဲလောက်အောင် နာပြန်ပါသည် ဆော်ဒါလင်မနစ်ရည် ဖေါက်လိုက်ရင်မြည်သတဲ့ ဘာသာခြားနဲ့ အများကဆိုပြန်သည် အဲတာကြောင့် မခံချင်သည် စံတင်လို့ပြကြစို့ရဲ့ အမှန်ပင်ဝီရိယနဲ့ ဗမာမှန်သမျှ လုပ်ပြစေချင်သည်

ဇွဲကိုပင်အတည် မြဲကြဘို့စိတ်ရင်းကောင်းနဲ့အတည် အမျိုးသားအမျိုးသမီးတို့သည် အရာရာမျိုး ကြံစည်ကာတိုး ကြံစည်ကာတိုး တို့ဗမာမျိုး ဖြိုးကြွယ်ဘို့အတည် ဇွဲ ဇွဲ ဇွဲရှိမှအောင်နိုင်မည်

လုံ့ဝီရိယဇွဲကို မြဲအောင်ပဲအတည် အသဲထဲမှာစွဲကာ ပိုင်ပိုင်နိုင်နိုင် မြိုင်မြိုင်ဆိုင်ဆိုင် အထက်တန်းကျကျနန သတ္တိဗျတ္တိ ရှိကြစေချင်သည်

ဗမာပြီပြီ စွမ်းဆောင်ကြဘို့တလီ ယောက်ျားအာဇာနည် ကောင်းကင်ကြယ်ကိုမလွတ်တမ်း ဆွတ်လှမ်းနိုင်ဘို့အတည် အထက်ပါစကားသည် မြွက်ကာကြားသည် ကြံကာစည် အဖန်ဖန်ကြားလို့ ပန်ကြားရပြန်သည်

ပင်လယ်ပြင် ကူးခပ်သည် တကယ်ပင် ထူးမြတ်သည် သူဇွဲကောင်းလို့အောင်ပါသည် အလောင်းတော်ဇနက ပြုမူခဲ့သည် ယောက်ျားလုံ့လ အသုံးချလို့ ထီးနန်းစံရသည် အဲဒီပမာထုံးကို အစဉ်သုံးဘို့ ကျွန်တော်နှိုးဆော်သည်

ဇွဲကိုပင်အတည် မြဲကြဘို့စိတ်ရင်းကောင်းနဲ့အတည် အမျိုးသားအမျိုးသမီးတို့သည် အရာရာမျိုး ကြံစည်ကာတိုး ကြံစည်ကာတိုး တို့ဗမာမျိုး ဖြိုးကြွယ်ဘို့အတည် ဇွဲ ဇွဲ ဇွဲရှိမှအောင်နိုင်မည်

ဇွဲသီချင်း၊ ရေး မြကလောင်၊ ဆို ပြည်လှဖေ
https://www.youtube.com/watch?v=vytRoh8CSbA&feature=player_embedded

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၈
၁၉-၁၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး