ပုံတောင်ပုံညာ လွမ်းစရာ

ပုံညာတောင်မှာ ကားမှောက်တဲ့သတင်း ဖတ်ရတယ်။ စိတ်မကောင်းစရာ။ သတင်းဓါတ်ပုံမှာ ဒဏ်ရေးရမှာ မှားနေတယ်။ ရေးချမထည့်ရ။ အဲလိုမှားရေးနေသူတွေက မနည်းပါ။ သတ်ပုံမှားတဲပုံမျိုး မသုံးပါ။ ဒဏ်က ဒဏ္ဍသဒ္ဒါကနေ ဆင်းသက်လာတယ်။

ဒဏ်
ဒဏ္ဍာရီ
ဒဏ်ဆယ်ပါး
ဒဏ်တပ်သည်
ဒဏ်ရာဒဏ်ချက်
ဒဏ်သင့်သည်
ဒဏ်သင့်သည်
ဒဏ်ပေးသည်
ကြိုးဒဏ်
ဗြဟ္မဒဏ်
ရာဇဒဏ်
ထောင်ဒဏ်
သေဒဏ်

ပုံညာဆိုတာ ပုလဲနဲ့ ဂန့်ဂေါကြားမှာရှိတယ်။ ပုလဲကနေ အနောက်ဖက်သွားရင် တဖြည်းဖြည်းနဲ့ မြေမြင့်လာတယ်။ ပုံတောင်ရယ် ပုံညာရယ်ဆိုတဲ့ တောင်မြောက်တန်းနေတဲ့ တောင်တန်းတွေရှိတယ်။ ကျွန်တော် ပုလဲမြို့နယ်ဆရာဝန် လုပ်ခဲ့စဉ်ကလည်း တောင်ပေါ်လမ်းမှား ကားမတော်တဆမှုတွေဖြစ်တယ်။ ဆရာဝန်က စစ်ဆေးရတယ်။ ညကြီးသန်ကောင်လည်း သွားကြည့်ရတယ်။

တောင်ပေါ်ရွာတွေက ရာသီဥတုအေးပြီး သစ်ပင်ဝါးပင်တွေပေါတယ်။ ခုတ်လို့ ထုတ်လို့ရတာတွေတော့ ကုန်ပြီပေါ့။ အဲဒီမှာ နေထိုင်ကြတဲ့ တောင်ပေါ်သူ တောင်ပေါ်သားတွေက အေးပြီးရိုးကြတယ်။ မချမ်းသာကြပါ။ ခင်စရာကောင်းတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျွန်တော့်ကို မဲပေးကြတယ် ကျေးဇူး။ ပုံတောင်ထိပ်ဟာ ၃၅၇၆ ပေ (၁၀၉၀ မီတာ) မြင့်တယ်။

ပုလဲ အနောက်ဖက်မှာ ၆ မိုင်အကွာ ကင်းဝန်ရဲ့ရွာ၊
မင်းတိုင်ပင်မှာနား၊ ဆက်သွား၊ တက်သွား၊ ၅၅ မိုင်မှာ တခါနား၊
ညာဘက် တက်ဆင်း၊ ပုလဲထဲက ယောနယ်တွင်း၊
ခရီးပြင်း အတက်၊ အဆင်း မရှိ လေးမိုင်တိတိ၊
နတ်ထိပ်ရောက်တဲ့အထိ။

ပုံညာထိပ်တွင် ရေချမ်းစင်၊ နတ်တင်၊
ပြီးရင် ခရီးဆက်၊ အတက် မရှိ လေးမိုင်တိတိ၊
အိစက်ညက်ညော ချောလှကြတဲ့ ယော၊ ကျော၊
ပုံတောင်တကြော ရှေးတုန်းကတော့ သစ်ဝါးပေါ၊
ဂန့်ဂေါပုဆိုး ယောလုံချည်၊ ၉ဝ တုန်းက ဝတ်ခဲ့သည်။

ဂန့်ဂေါ နောက်တခေါက်၊ ဘောင်းဘီဝတ်ပြီးရောက်၊
အနောက်ဘက် ဆက်၊ ချင်းတောင်ကြီးပေါ်တက်၊
ခြောက်ရက်၊ ငါးညခရီးနဲ့ တိုင်းပြည်ကြီး အပြီးစွန့်ခွါ၊
နှစ်အစိတ်၊ စိတ်သာပြန်ရောက်၊
အကျွန် တခေါက် ပြန်ရောက်ရလိုပါ၏။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး