Black Friday ဘလက် ဖရိုင်းဒေး

တမြန်နှစ်က မေးတယ်။ Black Friday က ဘာကို ဆိုလိုတာလည်းဆရာ။ မေးတဲ့သူရဲ့ စိတ်ဝင်စားမှုကို သိပြီး ဖြေမှသာ လိုရာရောက်မယ်။ ကျွန်တော်တို့ ယူအက်စ်အေကိုမလာခင်အထိ ဘလက်ဖရိုင်းဒေးဆိုတာ ၂၀၀၃ ခုနှစ် မေ လ ၃၀ ရက်၊ သောကြာနေ့ကို အဲလိုခေါ်ကြတယ်။ ဒီပဲယင်းအရေးအခင်းကြီးဖြစ်တဲ့နေ့။

ယူအက်စ်အေမှာ ကြာသပတေးနေ့မှာကျရောက်တဲ့ သင့်စ်ဂစ်ဗင်းနေ့ နောက်ရက် သောကြာနေ့ကိုခေါ်ကြတယ်။ ၁၉၅၂ ခုနှစ်ကတည်းစတယ်လို့ဆိုတယ်။ နောက်လထဲမှာ လာတော့မယ့် ခရစ်မတ်အတွက် ပစ္စည်းတွေဝယ်ကြတာပါ။ လက်လီဈေးဆိုင်တွေ စီးပွါးရှာနည်းတခုလည်းဖြစ်တယ်။

၁၈၆၉ ခုနှစ် စက်တင်္ဘာ ၂၄ ရက်နေ့နဲ့ဆက်နေတယ်လို့လည်းဆိုပါတယ်။ ရွှေဈေးကွက်ကြီး ပြိုဆင်းခဲ့ရတဲ့နေ့။ အဲဒီကနေ အမြတ်ပြန်ရအောင် နည်းလမ်းတခုအဖြစ်သုံးတယ်လို့လည်း ယူဆကြတယ်။

ဘလက် ဖရိုင်းဒေးနေ့မှာ အပြိုင်အဆိုင်ရောင်းကြမယ်။ ဈေးတွေ သိသိသာသာလျော့ချထားတယ်။ ဆိုင်တွေ မဖွင့်ခင်ကတည်းက လူတွေအများကြီး တန်းစီနေကြတယ်။ တန်းအရှည်ကြီး။ ရေခဲအမှတ်ဝန်းကျင်ထိ အေးချမ်းလှတဲ့ အချိန်မှာ။ အခုကတည်းက ဘယ်ဆိုင်တွေက ဘယ်အချိန်ဖွင့်မယ်။ ဘာတွေကို ဘယ်လောက်နဲ့ရောင်းမယ်လို့ ကြော်ငြာနေကြပြီ။

၁။ Best Buy မှာ
သင့်စ်ဂစ်ဗင်းဒေး ညနေ ၅ နာရီကနေစမယ်။ သောကြာနေ့ သန်ကောင်ကျော် ၁ နာရီအထိ။ နောက် မနက် ၈ နာရီ ပြန်ဖွင့်ပြီး ည ၁ဝ နာရီအထိ။
50-inch 4K Smart TV ကို $180 နဲ့ရမယ်။ $320 လျှော့ထားတယ်။
Google Home Mini ကို $30 နဲ့ရတယ်။ $20 လျှော့ထားပြီး $10 gift card ပါရမယ်။
10.5-inch iPad Pro ကို $150 အထိလျှော့မယ်။

၂။ Kmart ဆိုင်
55-inch Samsung 4K Smart TV ကို $500 နဲ့ရောင်းမယ်။ $200 လျှော့ထားတာ။
luxurious 1,000 thread count sheets ကို $20 နဲ့ရောင်းမယ်။ 30 လျှော့ထားတယ်။
Barbie dolls တွေကို $2 နဲ့ရမယ်။ $5 ကနေ $8 အထိလျှော့ထားတယ်။

၃။ Kohl's ဆိုင်
PlayStation 4 ကို $200 နဲ့ရမယ်။ $100 လျှော့ထားတယ်။
Diamond bracelet ကို $70 နဲ့ရမယ်။ $230 လျှော့ထားတယ်။
Google Home ကို $80 နဲ့ရမယ်။ $50 လျှော့ထာတယ်။
Sky Rider HD camera drone ကို $50 နဲ့ရမယ်။ $100 လျှော့ထားတယ်။

၎။ Macy's ဆိုင်
A3500 Vitamix blender ကို $350 နဲ့ရမယ်။ $250 လျှော့တယ်။

၅။ Walmart ဆိုင်
Dyson cordless vacuum cleaner ကို $190 နဲ့ရောင်းမယ်။ $176 သက်သာမယ်။
Google Chromecast ကို $20 နဲ့ရမယ်။ $15 သက်သာတယ်။
iPad 5th Gen 32GB ကို $249 နဲ့ရမယ်။ $80 သက်သာမယ်။
Samsung 65-inch Class Curved 4K Smart TV ကို $1,000 နဲ့ရမယ်။ $300 သက်သာတယ်။

စာရင်းသစ် မထည့်အားပါ။ ဆောရီး။ ဒီနှစ် ဘလက်ဖရိုင်းဒေးက လာမဲ့သောကြာနေ့။ ကြာသာပတေးနေ့ ညသန်ကောင်အချိန်ကစတယ်။ ယူအက်စ်အေနေ မြန်မာနိုင်ငံသားတွေ ဝယ်ခြမ်းနိုင်ကြပါစေ။ အချမ်းဒဏ်လည်း ခံနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး