Pregnancy ကိုယ်ဝန်ဆိုတာ အင်မတန်ဆန်းတယ်

(ကန်တော့)

မင်္ဂလာပါ ဆရာရှင့်။ ကိုယ်ဝန် ၃၁ပတ်မှာ အချွဲနည်းနည်းဆင်းလာလို့ ဆေးရုံသွားတက်ခဲ့ပေမယ့် ကလေးက နှလုံးခုန် ရပ်နေလို့ မွေးထုတ်လိုက်ရပါတယ်။ ကိုယ်ဝန် ၆လဝန်းကျင်က စပြီး သွေးပေါင် စတက်ခဲ့ပါတယ်။ သွေးကျဆေးတွေ OG ကပေးပေမယ့် သွေးပေါင် ၁၃၀/၉၀, ၁၄၀/၉၀ အောက်မကျခဲ့ပါ။ ကိုယ်ဝန် ၂၈ပတ်ကျော်မှာ ခရီးတိုတခုသွားခဲ့တာ အပြင်စာလည်းစားမိပါတယ်၊ သွေးပေါင် ၁၅၀/၁၀ဝထိ တက်သွားဖူးပါတယ်။ ဆေးသောက်ပြီး ၂နာရီအတွင်းမှာ ၁၄၀/၉၀ တော့ပြန်ဖြစ်သွားပါတယ်။ ဒီကိုယ်ဝန်မှာ အမြဲ အဖြူဆင်းပါတယ်။ အချင်းအောက်ရောက်ပါတယ်။ ကိုယ်ဝန်ရှိမှန်း စသိကတည်းက ဆေးခန်းမှန်မှန်ပြ လိုအပ်တဲ့ စစ်ဆေးမှုအားလုံး လုပ်ခဲ့ပါတယ်။ အခုဒီလို ဆုံးရှုံးမှုကြီးက သွေးတိုးတာကြောင့်လား၊ ဘယ်လိုအချက်ကြောင့်လဲ ဆိုတာ သေချာ မသိခဲ့ရလို့ပါရှင့်။ နောက်ကိုယ်ဝန်ထပ်ဆောင်ယင် ဒီလိုမျိုးဖြစ်နိုင်သေးလားရှင့်။ ဆောင်ရန်ရှောင်ရန်လေး သိပါရစေရှင့်။

ကိုယ်ဝန်ရှိမှ သွေးတိုးတာနဲ့ ဆီးချိုဖြစ်တာ ဖြစ်ကြတယ်။ ကိုယ်ဝန်ဆိုတာ တခါနဲ့ တခါ တယောက်နဲ့တယောက် မတူပါ။ ကိုယ်ဝန်အပ်ရင် စမ်းသပ် စစ်ဆေးမှုတွေလုပ်မယ် လိုတာညွှန်မယ်။ စောစောသိလေကောင်းလေ။

ဟုတ်ကဲ့ပါဆရာ။ ဒီတခါက ကိုယ်ဝန်ရှိမှန်းသိသိချင်း OG အပ်တာပါ။ သွေး၊ ဆီးမျိုးစုံစစ်၊ ultra လည်း ၇ ကြိမ်တောင် ရိုက်ခဲ့ရတဲ့ကြားက ဖြစ်ခဲ့ရတာပါ။

ဆောရီး။ ကိုယ်ဝန်ဆိုတာ အင်မတန်ဆန်းတယ်။ ပျက်ချင်တာဆိုရင် ဆေးရုံတက်သလိုနေလည်း မမြဲ။ တော်တော်တန်တန် ချော်လဲလို့ မပျက်တာလည်းရှိ။ ဖျက်ဆေးသောက်ပြီး ဆက်မြဲတာလည်းရှိတယ်။

အချင်းအောက်ကျတာ ကြိုတင်တားလို့မရ။ သွေးတိုးမှာ ဆီးချိုဖြစ်တာလည်း အတူတူ။ ကံတရားနဲ့ မျိုးဗီဇကိုပဲ လွှဲချရတယ်။

မေးခွန်းထဲက မှု့ ကို ပြင်လိုက်တယ်။ ဆောရီး။ ကျန်တဲ့သတ်ပုံတွေ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း ကလေးမိဘတွေ စာမှန်အောင်ရေးတတ်တာ ပိုကောင်းတယ်။ အဲတာမှ သူတို့သားသမီးတွေကို ပြင်ပေး သင်ပေးနိုင်မှာ။ မေးတဲ့သူ အသက် ၃၃ နှစ်လို့ အရင်ကမေးတာထဲမှာပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ