Professor Age ပညာရဲရင့်

သူငယ်ချင်းများ မိတ်ဆွေများ ပါမောက္ခဖြစ်သူဖြစ်ကြ၊ တွဲဖက်ပါမောက္ခဖြစ်သူဖြစ်ကြ မြင်ရသောကြောင့် ဘေးမှကြည့်ကာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း စသဖြင့်ရေးတာတခု ဖတ်ရတယ်။ ကျေးဇူး။

ကျွန်တော်တို့ ဆေးကျောင်းတက်တော့ မန္တလေးမြို့မှာ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ပါမောက္ခဆိုတာ လက်ဆယ်ချောင်း မပြည့်ပါ။ မြန်မာစာဂုဏ်ထူးရကျောင်းသား ရှားမှရှား။

ခုခေတ်မှာတော့ မြန်မာစာဂုဏ်ထူးက ၅ ထောင်ကျော်၊ ပါမောက္ခကလည်း ၅ ထောင်ကျော်ပြီလား မသိ။ တကယ် မသိတာ။

အချိန်သည် ပါမောက္ခများစွာနှင့် ဂုဏ်ထူးများစွာကို မွေးထုတ်ပေး၏။ ပညာရဲရင့် ရာထူးမြင့်၏။ ကိန်းဂဏန်း တိုး၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး