Jaggery ထန်းလျက်

ဆရာ ထန်းလျက်ကို အင်္ဂလိပ်လို ဘယ်လိုပေါင်းရတာလဲရှင့်။

Jaggery လို့ ခေါ်တယ်။ traditional non-centrifugal cane sugar သဘာဝရိုးရာ ကြံသကြား။ အမှန်က အဲတာက ကြံသကာ။

toddy palm tree ခေါ် ထန်းပင်ကရတဲ့ ထန်းရည်ချိုကနေလုပ်တာကိုလည်း Jaggery လို့ခေါ်ကြတယ်။ gur လို့လည်း ခေါ်တယ်။

sap of coconut အုန်းရည်နဲ့ date palm စွံပလွံရည်ကနေလည်း လုပ်ပါသတဲ့။ အဲတာကိုလည်း jaggery လို့ခေါ်တယ်။

လွန်ခဲ့တဲ့ ၃ နှစ်က ရောက်လာ၊ ထန်းခေါက်ဖာနဲ့ ထန်းလျက်၊ အညာစာ နွေစာ၊ ရိုးရာမပျက်၊ မြန်မာပြည်မှာ နေစဉ်ခါ၊ ရိုးရိုးထန်းလျက်၊ ထောပတ်ထန်းလျက်၊ နို့ထန်းလျက်၊ တင်းတောင်းနဲ့ နေ့စဉ်ရက်ဆက်၊ တောဆရာဝန်မှာ သွားရေစာ၊ ပီဇာမဟုတ်၊ ဘာဂါမဟုတ်၊ ဇီးထုပ်၊ ဇီး (ဆီး) ထန်းလျက်၊ ခံတွင်းမြက်။

မြို့သာမှာ တာဝန်ကျစဉ်က ဖြူဥနေတဲ့ ရိုးရိုးထန်းလျက်၊ မုံ့လုပ်စရာ အကြီးစားထန်းလျက်၊ နို့ထန်းလျက်၊ ထောပတ် ထန်းလျက်၊ ဇီး (ဆီး) ထန်းလျက်တွေ စားမကုန်ခဲ့တာကို အမှတ်ရစေတယ်။ ကျေးဇူး။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး