ရင်သပ်ရှုမော

ခုတလော ရန်သတ်တယ်ဆိုတဲ့အသုံးကိုတွေ့ရတာများနေပြီ။ ကျွန်မနားလည်မိတာကတော့ ရန်ကိုပယ်သတ်တာထင်ပါတယ်။ ခုရေးတဲ့အဓိပ္ပာယ်က ရန်ဖြစ်သတ်ပုတ်တာဖြစ်နေပါတယ်ရှင့်။

ရင်သပ်ရှုမောလို့ရေးရတယ်။ တွဲတင်တဲ့ပုံကို အမေ့အိမ်: ရင်သတ်ရှုမောဖွယ်ရာလို့ရေးထားတာ မှားတယ်။ ရင်ကို သေအောင်သတ်တာ ဖြစ်နေတယ်။ ယင်ကောင်သာ သေအောင်သတ်လို့ ရေးရတယ်။ ပုံအတွက် ကန်တော့။

သပ်
စုပ်သပ်သည်
ဆီလိမ်းဖီးသပ်
ပွတ်သပ်ပေးပါ
လက်သပ်မွေး
လာဘ်သပ်ပကာရ
သုံးသပ်ဆင်ခြင်
သပ္ပါယ်
သပ်ထိုး သပ်နုတ်
သပ်ရပ်အောင်ဝတ်စားပါ
သပ်လျှိုသူ
ကျောသပ်ရင်သပ်
ခေါင်းကိုသပ်
ရွှေရင်စမ်းသပ်
နှီးသပ်သည်

သတ်
ကတ်ကတ်သတ်သတ်
ကန့်သတ်ထားသည်
စသတ်
ဆီသတ်ပါ
ဓမ္မသတ်
နပန်းသတ်
နယ်ပယ်သတ်မှတ်
ပရိသတ်
ပသတ်
မြင်းဇက်သတ်
ရက်သတ်မှတ်လိုက်ပြီ
လက်စသတ်
သတ္တဌာန
သတ္တမနေရာရသည်
သတ္တရဘန်
သတ္တဝါ
သတ္တိရှိပါ
သတ္တုဓာတ်
သတ္တဗေဒ
သတ္ထန္တရကပ်
သတ်ညွှန်း
သတ်နင်း = သစ်နင်း = သနင်း
သတ်နင်း = သတ္ထုမဒ္ဒန = ရန်ကိုနှိမ်နင်းနိုင်သောမင်း
သတ်ပုံ
သတ်ပုံကျမ်း
သတ်ပုံသတ်ညွှန်းကျမ်း
သတ်ပုတ်နေကြသည်
သတ်မှတ်
သတ်မှတ်ထားသည့်နေရာ
သတ်ဖြတ်
သတ်သတ်ဖယ်ထားပါ
သူများကို သတ္တုမချပါနှင့်
အဇာတသတ်
အရှိန်သတ်
အသေသတ်
သေအောင် သတ်သည်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး