Dale Carnegie လူပေါ်လူဇော်လုပ်နည်း

ကွန်မင့်တခုရတယ်။ မနေ့က စာအုပ် ၃အုပ် ဝယ်လာပြီး တအုပ်ဘဲ ဖတ်ရသေးတယ်။ မိတ္တဗလဋီကာစာအုပ်လည်း အစား ပြန်ဝယ်လာပေမယ့် ငယ်ငယ်တုန်းက ဖတ်ရတဲ့ စာအုပ်က စစ်တောင်းစက္ကူနဲ့ ခပ်ရှည်ရှည်စာအုပ် အခုက ပုတိုတိုနဲ့ စာလုံးလေးတွေ အရမ်းသေးသွားသလို ခံစားရတယ်။ နာဂစ်မှာပါသွားတဲ့ မူလလက်ဟောင်း စာအုပ်တွေ နှမျောတာတဲ့။

ဒေးလ်ကာနေဂျီရေးတဲ့ How to Win Friends and Influence People စာအုပ်ကို ဦးနုက မိတ္တဗလဋီကာဆိုပြီး ဘာသာပြန်တဲ့စာအုပ်ကို ကျောင်းသုံးပြဋ္ဌာန်းဘူးတယ်။ လူပေါ်လူဇော်လုပ်နည်းလို့လည်း ခေါ်တယ်။

သခင်နုရဲ့လူပေါ်လူဇော်လုပ်နည်း (၁၉၄၉) အဖုံးက တဖက်သား စိတ်ပြောင်းလာစေသောနည်း ၉ နည်းတဲ့။ တစ်ဖက်သား မဟုတ်ပါ။ တစ်ဖက်သားနည်းကိုတော့ ဦးနုလည်း မသိရှာ။ ဒေးလ်ကာနေဂျီ မသိပါ။

ဖေ့စ်ဘွတ်မှာ လူပေါ်လူဇော်လုပ်နည်း

ဟောပြောရာမှာ သည်းခြေကြိုက်စကား တလုံးပြောပြီးတိုင်း လက်ခုပ်သံ ခဏစောင့်ပေး။ ဟုတ်တာ မဟုတ်တာအပထား ဇာတ်နာတာလေးတွေ ထည့်ရေး။ လူအများမသိတဲ့ ကိုယ်ကလည်း နာမည်လောက်သာသိတဲ့ ဂန္ထဝင်စာအုပ်အမည်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အင်္ဂလိပ်စကားလုံးတွေ ထည့်ရေး။ လိုက်ခ်တွေများများရအောင် ပုံကောင်းကောင်းလေးတွေတင်။ သူများမှားနေတာကို ကောင်းပါတယ်လို့ရေး။

ကျွန်တော့် ဘလော့စာရင်းမှာ ၅၀၀ ကျော်ပြီ။ အမတ်အရွေးမခံနိုင်တော့ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၁၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး