ICJ မှာ တရားစွဲခံရမှုအပေါ် သင်ခန်းစာယူပြီး တပ်မတော် သမိုင်းကို ဆေးကြောဖို့တိုက်တွန်း

● အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုခံရတဲ့ အခြေအနေထိ ရောက်လာတဲ့အပေါ် သင်ခန်းစာယူပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်အတွက် သမိုင်းကြောင်း မကောင်းခဲ့တာတွေကို ဆေးကြောကြဖို့ တပ်မတော်ခေါင်းဆောင်တွေကို လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ တင့်ဆွေက မေတ္တာရပ်ခံ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

● (ICJ) တရားခွင်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက် ဖြေရှင်းမယ့်အပေါ် မတူကွဲပြားတဲ့ အမြင်တွေ သိရဖို့ ဆက်သွယ်မေးမြန်းရာမှာ ၁၉၉၀ ရွေးကောက်တင်မြှောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ တင့်ဆွေက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

● အပြည့်အစုံကို MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဉ် The Streamiz Show မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။

MCN TV NEWS CHANNEL
https://www.youtube.com/watch?v=hUahgqliV_g&fbclid=IwAR3Ltxv5VbA5NM70gfsjSAJ7ntX5JRzjmc_HpYbLQCEspwxleLmqRMH18bI

အင်တာဗျူးပြီးတော့ ခပ်ဝေးဝေးကနေအသံကြားရတဲ့ ဒေါ်မြမြအေးက ပြောပြတယ်။ ဂမ်ဘီယာ နဲ့ ဂမ်ဘာရီ မှားတဲ့အကြောင်း။ ဆောရီး။ ဂမ်ဘီယာကို ကောင်းကောင်းသိပါတယ်။ ကျွန်တော် ဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းမှာ ကွန်ဂိုကျောင်းသားတယောက်နဲ့ မောရီတေးနီးယားကျောင်းသူတယောက်ရှိတယ်။ အားလုံးက အာဖရိကတိုက်က။

သိလည်း မှားပြောမိတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး