Stroke မြန်မာစာ လေဖြတ်နေတယ်

ဆရာရှင့် အဖေက မနေ့ကတည်းမူးတယ်ဆိုပြီးလဲကျသွားပါတယ် ခုထိလည်းခေါင်းမထူနိုင်သေးပါဘူး စားလို့ရတယ် စားပြီးတာနဲ့ ပြန်လှဲနေတယ် ကြာကြာမထိုင်နိုင်ဘူး လမ်းလည်းမလျှောက်နိုင်ဘူး ဆရာဝန်တွေသွေးပေါင်ချိန်တော့ အပေါ်က ၁၆၆ အောက်က ၈၈ ဆီးချိုက ၁၂.၈ ပါ မလေးရှားမှာပါ မနေ့ကဆေးရုံခေါ်သွားတယ် ဆရာဝန်တွေက လမ်းလျှောက်နိုင်ရင်ပြန်ခေါ်သွားလို့ရတယ်ပြောတယ် အဖေကထိုင်တောင်မထိုင်နိုင်ဘူး ထိုင်ညာဘက်ကို စောင်းစောင်း သွားတယ် ခေါင်းမူးတယ်ဆိုပြီး တုန်နေတယ် ခေါင်းကိုဓာတ်မှန်ရိုက်ကြည့်နေကြတယ် ကျမလည်း အရမ်းစိုးရိမ်လို့ ဆရာ့ဆီက အကြံဥာဏ်လေးလိုချင်လို့ပါဆရာရယ် ဒီကဆေးရုံစကားတွေလည်းမတက်လို့ပါ

အသက် မသိ။

အသက် ၅၄ တခြမ်းလေဖြန်းချင်သလိုဖြစ်နေတယ်ပြောတယ်ဆရာ ကုလို့ရမလားသိချင်လို့ပါ

ရောဂါဖြစ်နိုင်ခြေရှိသူတွေကတော့ -
• သွေးတိုးရောဂါ၊
• Atrial fibrillation နှလုံးခုန်မမှန်တာ၊
• ဆီးချို၊
• မိသားစုထဲမှာ အဲလိုဖြစ်သူရှိတာ၊
• ကိုလက်စထော ခေါ် အဆီဓါတ် များနေတာ၊
• အသက်ကြီးလာတာ၊ ၅၅ နှစ်ကျော်တာ၊
• နှလုံးရောဂါလဲရှိနေမယ်၊ ခြေထောက်ပိုင်းကို သွေးကြောတွေက ကျဉ်းလို့ သွေးလျှောက်တာလဲ နှေးမယ်ဆိုရင်၊
• လူအဝလွန်သူတွေ၊
• အရက်သေစာ အသောက်များသူတွေ၊
• အငန် နဲ့ အဆီစား များသူတွေ၊
• ဆေးလိပ် သောက်သူတွေ၊
• Cocaine (ကိုကိန်း) နဲ့ တားမြစ်တားတဲ့ဆေးတွေကို သုံးသူတွေ၊
• အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေး သုံးသူအမျိုးသမီးတွေလဲ ဖြစ်နိုင်တယ်။

Stroke ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း https://doctortintswe.blogspot.com/2014/11/stroke_22.html

ဆရာ့စီကကို ပြင်လိုက်တယ်။ တစ်ခြမ်းကို တခြမ်းလို့ပြင်လိုက်တယ်။ ဖစ်နေကို ဖြစ်နေလို့ပြင်လိုက်တယ်။ အဲလို မှားရေးနေသူတွေ အတော်များတယ်။ မြန်မာစာ လေဖြတ်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး