ICJ Idol IDC ရောဂါသုံးမျိုး

တချို့က ICJ ကိုစိတ်ဝင်စားကြတယ်။ တချို့က Idol ကိုစိတ်ဝင်စားကြတယ်။ တချို့က IDC ကို မေးကြတယ်။

၁။ ဆရာ Idol အိုက်ဒဲလ်လား အိုင်ဒေါလ်လား ဘယ်ဟာအမှန်ယူရမလဲ။

How to Pronounce Idol https://www.youtube.com/watch?v=daB3DYPCUqk

ဟုတ် သူတို့ program တခုတည်းကို MC နဲ့ judge တွေက တယောက်တမျိုး ထွက်နေလို့ပါ။

အင်္ဂလိပ်အသံထွက်ကို သိပ်အပြစ်မပြောလိုပါ။ အံ့သြစရာကောင်းတာက မြန်မာစကားကို အသံမှန်အောင်မထွက်၊ မြန်မာစာကို သတ်ပုံမှန်အောင်မရေးကြပါ။

၂။ မင်္ဂလာပါဆရာ။ သမီးအမေက ၅၄ နှစ်ရှိပါပြီဆရာ။ ရင်သားမှာ အကျိတ်ကလေးတွေ့လို့ စိုးရိမ်လွန်ပြီး ဆရာဝန် ပြကြည့်ပါတယ်ဆရာ။ အသားစ စစ်ဆေးချက်အရ ရင်သားတခုလုံး လှီးထုတ်ပြစ်ရမယ်ပြောပါတယ်ဆရာ။ အဖြေလွှာလေး တချက်လောက်ကြည့်ပေးပါဆရာ။ ရင်သားတခုလုံး လှီးမပြစ်ချင်လို့ ပါဆရာ။ စိုးရိမ်ရလား ဖြေကြားပေးပါဆရာ။ အကျိတ်က ရင်သားအပေါ်လေးမှာပါဆရာ

၃။ ဆရာ သမီးအမမှာ ရင်သားအကျိတ်ဖြစ်လို့ အကျိတ် ၃ လုံးခွဲထုတ်ခဲ့ပါတယ်။ ပြီးတော့ အဲ့အကျိတ်ကို စစ်ကြည့်တော့ ကင်ဆာဆိုပြီး ရင်တခုလုံးကိုဖြတ်ထုတ်ဖို့ပြောလာပါတယ်။ သမီးတို့မှာကင်ဆာမျိုးရိုးလည်းမရှိပါဘူး။ သူတို့ပြောတာတော့ ထပ်ဖြစ်လာနိုင်တယ်ဆိုတာကြောင့်ပါတဲ့။ ဆေးသောက်ဆေးထိုး အစားရှောင်ပြီး ကုလို့ရပါလားရှင်။ ပြန်ဖြေပေးပါနော်။

Invasive ductal carcinoma ပြန့်နိုင်သော နို့ပြွန်ကင်ဆာ https://doctortintswe.blogspot.com/2016/10/invasive-ductal-carcinoma.html

မတူတဲ့ရောဂါတွေ တပြိုင်တည်းဖြစ်နေတဲ့နေရာကို မြန်မာပြည်ဟုခေါ်သည်။ ဘေးမှန်သမျှက ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး