Two Pence နှစ်ပဲနိ
အရင်က ၅ ပြား ၁၀ ပြား၊ တကျပ်တပြားလို့ သုံးခဲ့ကြတယ်။ ဗြိတိသျှတွေက Two Pence နှစ်ပဲနိလို့သုံးတယ်။ တန်ဖိုးအနည်းဆုံးတွေ။
ကျွန်တော်မေးခွန်းတွေ ဖြေနေတာလည်း ၂ ပဲနိတန် ညောင်စေ့လေးဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ပံသုကူစွန့်သလို နေ့စဉ်လှူပါတယ်။ ပံသုကူပစ္စည်းကို ဘယ်သူဘယ်ဝါအတွက် မရည်ရွယ်။ ကြိုက်တဲ့သူယူ။ ကိုက်တဲ့သူယူ။ ထိုက်တဲ့သူယူ။ မယူဘဲ ဆုတ်ဖြဲသွားလည်းရတယ်။
ကနေ့ကစားတဲ့ ATP Finals တင်းနစ်ပြိုင်ပွဲကြီး နောက်ဆုံးဗိုလ်ပွဲမှာ Stefanos Tsitsipas က Dominic Thiem ကို အနိုင်ရသွားပါတယ်။ ဆုကြေးက ပေါင် ၂ သန်းတဲ့။
ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၉

Comments
Post a Comment