မြို့မငြိမ်း နာရေးသတင်း
မြန်မာ့တေးဂီတမှာ သူမတူအောင် ထူးချွန်လှတဲ့ မြို့မငြိမ်းက ၁၉၅၅ မှာကွယ်လွန်ပါတယ်။
ချစ်ထာပဓာနသီချင်းကစပြီး ထင်ရှားလာတယ်။ လူချွန်လူကောင်း၊ တချစ်ထဲချစ် ၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ မင်္ဂလာမောင်မယ်၊ ကသစ်ပန်း၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ လေချိုသွေး စတဲ့ သီချင်းတွေကို ပြည်လှဖေ၊ မေရှင်နဲ့ လေဘာတီမမြရင်တို့က ဆိုခဲ့တယ်။ အလင်္ကာကျော်စွာဘွဲ့ရတယ်။
အဲဒီကာလတွေမှာ မြန်မာစာ သတ်ပုံကိုလည်း အဲလိုရေးသားခဲ့ကြပါတယ်။ ရွှေမန်းမှ ဂီတမှူးတဦး၊ လူတယောံ၊ တလောင်း၊ ကုတင်တလုံး၊ အသံထွက်ကားတခု၊ တေးသီချင်းဆန်းတခု။
သူ့သားတယောက်နဲ့ ကျွန်တော်က ဆေးကျောင်းအတူတက်တယ်။ ဆောရီး သူငယ်ချင်း။
ဒေါက်တာတင့်ဆွေ
၁၄-၁၁-၂၀၁၉

Comments
Post a Comment