တပြည်တရွာစီဆက်ဆံရေးကြောင့် ဝေးကြရမယ်ထင်ပါတယ်

တင်တာထာတခု တွေ့တယ်။ သတ်ပုံမှန်တယ်။ နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ် တပြည်တရွာစီ ဆက်ဆံရေးကြောင့် ဝေးကြရမယ်ထင်ပါတယ် တဲ့။

နေကာမျက်မှန်လေးနဲ့
တေးရေး ကျော်သိန်းမောင်
အဆို မျိုးမြင့်လေး

မရေရာနက်ဖြန်အရေးက တွေးဆရန်မလွယ်ပါတယ်
အဖြေရှာတသက်ပန်ဝေးကြ ဆွေးရမှာသေချာတယ်
နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ်
တပြည်တရွာစီ ဆက်ဆံရေးကြောင့် ဝေးကြရမယ်ထင်ပါတယ်

သည်းညှာနွဲ့ခင်ကညာရယ် မခွဲခွါခဲ့ချင်ပါတယ်
အသည်းညှာနွဲ့ခင်ကညာရယ် အမြဲသာလာခဲ့ချင်ပါတယ်

ငှက်ခါးလေးတွေ အခါခါနားလို့ သက်ထားလေးဆီ စာလွှာပါးရင်း တဖက်သားအတွေးတွင် သာယာစေကြောင်း တောင်းဆုပြုပါမယ်

မှတ်မိလေမလားကွယ် ထပ်သိစေကြောင်းရွယ် မေတို့မြို့ကခွါကာနီး
အပြီးအပိုင်နှုတ်ဆက်စဉ်ကတကယ် ဘ၀င်မကျတဲ့ ခင်နှမမျက်နှာလေးရယ်
မျက်မှန်လေးကို မကာပင့်ကာတကယ် ကသုတ်ကရက်နဲ့ နှုတ်ဆက်လိုက်စဉ်
သမင်မျက်လုံးက အစဉ် တသက်မမုန်းဖို့ သူပြောလိုက်သလိုနှယ်
သည်းညှာနွဲ့ခင်ကညာရယ် မခွဲခွါခဲ့ချင်ပါတယ်
အသည်းညှာနွဲ့ခင်ကညာရယ် အမြဲသာလာခဲ့ချင်ပါတယ်

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး